Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၅၇ ရွက်ဖြင့် ကျွဲဝယ်သူအမျိုးသား ၃ ဦးအား ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တွင် သိမ်းဆည်းရမိသည့် ငွေစက္ကူတုအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၅၇ ရွက်ဖြင့် ကျွဲဝယ်သူအမျိုးသား ၃ ဦးအား ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၇ ရက်နေ့ ၁၁း၀၀နာရီအချိန် မြောက်ဦးမြို့နယ်၊ ကြိမ်ချောင်းကျေးရွာ၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများဖြင့် ကျွဲများဝယ်ယူသွားကြောင်းသတင်းအရ မြောက်ဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လှသိန်းရွှေ(၄၄)နှစ်ပါ၃ ဦးတို့အား ကျွဲ ၁၃ ကောင်နှင့်အတူ တွေ့ရှိရ၍ မြောက်ဦးမြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးချက်အရ ကျွဲများအား ဦးရွှေနီမောင် (၅၁)နှစ်ထံမှ ဝယ်ယူခဲ့ကြောင်းနှင့် ငွေစက္ကူအတုများမှာ လှသိန်းရွှေ၏ ပစ္စည်းများဖြစ်ကြောင်း သိရှိရပြီး ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၅၇ ရွက်အား ဦးရွှေနီမောင်ထံမှ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လှသိန်းရွှေ ပါ၃ ဦး(ဖမ်းမိ)အား မြောက်ဦးမြို့မရဲစခန်း (ပ)၁၈၀/၂၀၁၈၊ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆/ ၁၀၇ (သုံးစွဲမှု/အတုပြုလုပ်မှု/ပူးပေါင်းပါဝင်မှု)ဖြင့် အမှုဖွင့်ပြီး ငွေတုကွင်းဆက်အား ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.