Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အင်အားအပြည့်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်

ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- Yangon Police)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ခရိုင်၊ မြို့နယ်အလိုက် လှည့်ကင်းများဆောင်ရွက်ခြင်း၊ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းများကိုအင်အားအပြည့်ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။

ရဲတပ်ဖွဲ့နှင့်နယ်မြေခံ ပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်သည့် ရပ်ရွာနေ ပြည်သူအခြေပြုရဲလုပ်ငန်းစနစ် (Community Based Policing )ကိုလည်း မြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်နေမှုများကို ခရိုင်ရဲတပ်ဖွဲ့မှူးများက လိုက်လံစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာနယ်မြေအတွင်း လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးအတွက်

ရဲတပ်ဖွဲ့ဝင်များမှ ယာဉ်စစ်ပိတ်ဆို့စစ်ဆေးဆောင်ရွက်မှုများ နှင့် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက် နေမှုများကို မြို့နယ်ရဲတပ်ဖွဲ့မှုများကအနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.