Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေး နယ်မြေများ ထူထောင်မည်

ကျောက်တံတားမြို့နယ်ရှိ ဆူးလေစေတီတော်မြတ်အားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေး နယ်မြေများ ထူထောင်မည်ဖြစ်ကြောင်း ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေများ ထူထောင်ရေး အသိပေး အလုပ်ရုံ ဆွေးနွေးပွဲထံမှ သိရသည်။

ဆေးလိပ် နှင့်ဆေးရွက်ကြီး ဥပဒေပါ နေရာ ဒေသများတွင် ဆေးလိပ် မသောက်ရေး အပါအဝင် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်၏ ကနဦးစတင်ခြင်းအဖြစ် ကျောက်တံတားမြို့နယ်၌ စံနမူနာပြအနေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ လာမည့်နှစ်များအလိုက် မြို့နယ်များ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ၂၀၂၂ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးတစ်ခွင် ဆေးလိပ်ငွေ့ ကင်းစင်အဖြစ် မျှော်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခွင် ဆေးလိပ်ငွေ့ကင်းစင်ရေး ၂၀၂၂ ခုနှစ် စီမံချက်ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ကျောက်တံတားမြို့နယ်တွင် မြန်မာနိုင်ငံ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုလျော့ကျရေးအတွက် ၂၀၀၆ ဥပဒေ ပုဒ်မ ၆ နှင့် ပုဒ်မ ၇ ၌ ဆေးလိပ်မသောက်ရနေရာများ ဖော်ပြပါရှိကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်တွင် အဆိုပါစီမံချက်ကို စတင်နေ ပြီဖြစ်ကြောင်း၊ လာမည့် ခြောက်လအတွင်း ဆေးလိပ် ငွေ့ ကင်းစင်မြို့နယ်အဖြစ် ကြေညာနိုင်မည်ဖြစ်ကြောင်း၊ ဆေးရုံ၊ ကျောင်း၊ ရုံးများအပါအဝင် ဆေးလိပ်မသောက်ရနေရာများတွင် တာဝန်ရှိသူများ တာဝန်ချထားပြီး ကြပ်မတ်ခြင်းကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆေးလိပ်မသောက်ရနေရာများတွင် ကြပ်မတ်ဆောင်ရွက်ခြင်းဖြင့် ဆေးလိပ်မသောက်သူများကို ဆေးလိပ်ငွေ့မှကင်းစင်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.