Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် အထောက်အထားမဲ့နေထိုင်သူများကိုနေ့စဉ်အရေးယူ ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် အထောက်အထားမဲ့နေထိုင်သူများကို နိုင်ငံတကာကဲ့သို့ နှစ်စဉ်စီမံချက်ဖြင့် ဆောင်ရွက်မှုမရှိသော်လည်း တရားမဝင် ဝင်ရောက်နေကြောင်း စိစစ်တွေ့ရှိချက်များအပေါ် နေ့စဉ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အဋ္ဌမပုံမှန်အစည်းအဝေးကို ယနေ့၊ နံနက် (၁၀) နာရီက ကျင်းပခဲ့ရာ လသာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်၏ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားမဝင်အထောက်အထားမဲ့ နေထိုင်သူများနှင့် ဗီဇာနေထိုင်ခွင့် ရက်လွန်သူများကို နိုင်ငံတကာ ကဲ့သို့ နှစ်စဉ်စီမံချက်ဖြင့် စဉ်ဆက်မပြတ် အရေးယူရန် အစီအစဉ်ရှိ ၊ မရှိကို သိရှိလိုပါကြောင်း မေးမြန်းရာ ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“တရားမဝင် အထောက်အထားမဲ့နေထိုင်သူ နိုင်ငံခြားသားများအား စစ်ဆေးဖော်ထုတ် ဖမ်းဆီးရမိပါက တည်ဆဲလ.ဝ.က အက်ဥပဒေဖြင့် အရေးယူပြီးပြည်နှင်ခြင်းနှင့် အမည်မည်းစာရင်းရေးသွင်းခြင်း၊ ဗီဇာနေထိုင်ခွင့်ရက်လွန်သူများ မရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်အတွင်း Form-C တိုင်ကြား၍ နေထိုင်သူ နိုင်ငံခြားသားများ၏ နေထိုင်ခွင့် ကုန်ဆုံးရက်ကို စဉ်ဆက်မပြတ် စောင့်ကြည့်၍ နေခွင့်သက်တမ်း မကျော်လွန်မီ အနည်းဆုံး (၇) ရက်အလိုတွင် အဆိုပါနိုင်ငံခြားသားနှင့် သက်ဆိုင်သည့်ကုမ္ပဏီသို့ သတိပေး နှိုးဆော်ပေးခြင်း၊ သက်တမ်းကျော်လွန်နေထိုင်သော နိုင်ငံခြားသား အားရက်(၉၀) မကျော်လွန်ပါက တစ်ရက် လျှင် (၃) ဒေါ်လာဖြင့်လည်းကောင်း၊ ရက်ပေါင်း (၉၀) ကျော်လွန်ပါက တစ်ရက်လျှင် (၅) ဒေါ်လာနှုန်းဖြင့် လည်းကောင်း ကျော်လွန်ခဲ့သည့်ရက်အတွက် ထွက်ခွာသည့် လေဆိပ်တွင် အခငွေပေးဆောင်ပြီးမှသာ ပြန်လည်ထွက်ခွာစေခြင်း၊ တရားမဝင် အထောက်အထားမဲ့နေထိုင်သူများကို နိုင်ငံတကာကဲ့သို့ နှစ်စဉ်စီမံချက် ဖြင့် ဆောင်ရွက်မှုမရှိသော်လည်း တရားမဝင် ဝင်ရောက်နေကြောင်း စိစစ်တွေ့ရှိချက်များအပေါ် နေ့စဉ်အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။”ဟု ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက ပြောသည်။

ဗီဇာအရ နေထိုင်ခွင့် သက်တမ်းထက် ကျော်လွန်၍ နေထိုင်သူများကို စိစစ်တွေ့ရှိပါက အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ၊ ဒဏ်ငွေဆောင်၍ ပြန်လည်ထွက်ခွာစေခြင်းမှာလည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မှုတစ်ရပ်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အကူအညီဖြင့် လည်းကောင်း ၊ ခရီးသွားလုပ်ငန်းဌာနများ ၊ ဟိုတယ် ၊ မိုတယ် ၊တည်းခိုခန်းပိုင်ရှင်များ ၊ မန်နေဂျာများနှင့် တာဝန်ရှိ ကုမ္ပဏီအဖွဲ့အစည်းတို့ဖြင့် ချိတ်ဆက် သတင်းရယူ၍လည်းကောင်း စဉ်ဆက်မပြတ် ကြပ်မတ်လျက်ရှိကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.