Connect with us

Politics, Law & Military

ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (၂၀၁၈) အား အတည်ပြု


ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၅၁)ရက်မြောက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (၂၀၁၈) အား အတည်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ပြောကြားသည်။

ယနေ့ ကျင်းပသည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး၌ “ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း ”တွင် ပါရှိသော အချက်အချို့ကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဖြည့်စွက်ခြင်းများကို ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ယနေ့၌ အတည်ပြုခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၅၁)ရက်မြောက် နေ့ကျင်းပစဉ်( ဓာတ်ပုံ- လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်)

“ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း ”တွင် အခန်း(၅) ကော်မတီ၏လုပ်ပိုင်ခွင့်များ၊ အခန်း(၆) အာဏာပိုင်အဖွဲ့များ၊ ဌာနများနှင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ အခန်း(၇) လုပ်ပိုင်ခွင့်များ ခွဲဝေကျင့်သုံးခြင်း၊ အခန်း(၈) မြို့ပြ စီမံကိန်းများရေးဆွဲခြင်း၊ မြို့သစ်များတည်ထောင်ခြင်း၊ အခန်း(၉) မြေများကိုစီမံခန့်ခွဲခြင်း၊ အခန်း(၁၀) ပန်းဥယျာဉ်နှင့် အားကစားကွင်းများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့်စီမံခန့်ခွဲခြင်း၊ အခန်း(၁၁) အဆောက်အအုံများဆောက်လုပ်၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းများ၊ အခန်း(၁၂) မြို့ပြအမွေအနှစ်အဆောက်အအုံများကို ထိန်းသိမ်းဆောက်လုပ်ခြင်း၊ အခန်း(၁၃) စည်ပင်သာယာရေးအခွန်၊ အခများစည်းကြပ်ကောက်ခံခြင်း၊ အခန်း(၁၄) စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

အခန်း(၁၅) အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာအဆင့်အတန်း၊ မူဝါဒချမှတ်ခြင်းနှင့် ညှိနှိုင်းကြီးကြပ်ခြင်း၊ အခန်း(၁၆) လမ်းများဖောက်လုပ်ခြင်း၊ တံတားများတည်ဆောက်ခြင်း၊ စြင်္ကံများတည်ဆောက်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း၊ အခန်း(၁၇) ရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အခန်း(၁၈) ရေနုတ်မြောင်းများဖောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်း ခြင်း၊ အခန်း(၁၉) မိလ္လာနှင့် ရေဆိုးသိမ်းဆည်းသန့် စင်စွန့်ပစ်သည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အခန်း(၂၀) ပြည်သူ့ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစီမံဆောင်ရွက်ခြင်း၊ အခန်း(၂၁) ဈေးများနှင့် အသားထုတ်လုပ်ရုံများ တည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့်စီမံခန့်ခွဲခြင်း၊ အခန်း(၂၂) အသားထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များမွေးမြူခြင်းနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များအားစီမံခန့်ခွဲခြင်း၊ အခန်း(၂၃) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အခန်း(၂၄) စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ကြီးကြပ် ဆောင်ရွက်ခြင်း၊ အခန်း(၂၅) စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ အခန်း(၂၆) ပြန်ကြားရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အခန်း(၂၇) လုံခြုံရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အခန်း(၂၈) ဘဏ္ဍာရေးနှင့်ရန်ပုံငွေထိန်းသိမ်းခြင်း၊ အခန်း(၂၉) စီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အခန်း(၃၀) တားမြစ်ချက်များ၊ အခန်း(၃၁) ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အခန်း(၃၂) အထွေထွေတို့ကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဖြည့်စွက်ခြင်းများ ပြုလုပ်ပြီး အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.