Connect with us

Politics, Law & Military

ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း နှင့် မွန်ပြည်နယ် တို့တွင် အရည်အသွေး ၊ စံချိန်စံညွှန်း ပြည့်မီမှု အာမခံချက် မရှိသည့် မြေသြဇာများ တွေ့ရှိကြောင်း အသိပေး ကြေညာ

မြေသြဇာ ကော်မတီမှ အသိပေးကြေညာချက် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီး အပါအဝင် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အရည်အသွေးနှင့် စံချိန် စံညွှန်း ပြည့်မီမှု အာမခံချက် မရှိဘဲ မြေသြဇာ ကော်မတီတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် မြေသြဇာများကို တွေ့ရှိရသဖြင့် စိုက်ပျိုး လုပ်ကိုင်သူများ နှင့် မြေသြဇာ လုပ်ကိုင်သူများ သိရှိစေရန် မြေသြဇာ ကော်မတီမှ သတင်း ထုတ်ပြန်ခဲ့သည်။

မြေသြဇာ ကော်မတီတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် မြေသြဇာများနှင့် တွေ့ရှိရာ ဒေသများမှာ ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကုန် မြို့မတွင် ဒို့လယ်သမား (၂) ရွက်ဖျန်း အားဆေးရည် ၊ ကော့မှုးမြို့နယ်တွင် Enriched Compost Fertilizer Shwe Myay Si Organic Fertilizer Factory Taungoo(25)Kg ၊ ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့တွင် ဟာမိုနီ ပဲမျိုးစုံ အထူး ရွက်ဖျန်းဆေး A ၊ ဟာမိုနီ ပဲမျိုးစုံ အထူး ရွက်ဖျန်းဆေး B နှင့် မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် Foliar Fertilizer(ယိုးဒယားစာ) (aos3) တို့သည် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီမှု အာမခံချက် မရှိကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။

ထိုမြေသြဇာများကို ဝယ်ယူ သုံးစွဲမိသူများမှာ သီးနှံ အထွက်နှုန်းများ ထိခိုက် လျော့နည်းပြီး သုံးစွဲသူများ အတွက် စီးပွားရေး တွက်ချေ မကိုက်ဘဲ ဆုံးရှုံး နစ်နာမှုများ ဖြစ်နိုင်သဖြင့် မြေသြဇာ ကော်မတီတွင် မှတ်ပုံတင်ထားသော မြေသြဇာများကိုသာ ဝယ်ယူသုံးစွဲရန် တိုက်တွန်းထားသည်။

ထို့ပြင် မြေသြဇာ ထုတ်လုပ် ၊ တင်သွင်းသည့် ကုမ္မဏီ ၊ လုပ်ငန်းများ ၊ မြေသြဇာ ရောင်းချသည့် အရောင်းဆိုင်များသည် မြေသြဇာ ကော်မတီတွင် မှတ်ပုံတင်ထားခြင်း မရှိသော မြေသြဇာများကို ထုတ်လုပ်ခြင်း ၊ တင်သွင်းခြင်း ၊ ဖြန့်ဖြူးရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက မြေသြဇာ ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.