Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ ပထမဆုံး အမြင့် ၁၅ ပေရှိ သည့် ဗိုလ်ချုပ် ကြေးရုပ်တုကြီးကို တောင်ငူမြို့၌ ထားရှိ

ဗိုလ်ချုပ် ကြေးရုပ်တုကြီးကို တောင်ငူမြို့ ကေတုမတီ ကျုံးအနီးရှိ ဗိုလ်ချုပ် ရုပ်တု ရင်ပြင်၌ ထားရှိနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ပထမဆုံး အမြင့် ၁၅ ပေရှိ သည့် ဗိုလ်ချုပ် ကြေးရုပ်တုကြီးကို တောင်ငူမြို့ ကေတုမတီ ကျုံးအနီးရှိ ဗိုလ်ချုပ် ရုပ်တု ရင်ပြင်၌ ထားရှိလိုက်ကြောင်း သိရသည်။

တောင်ငူမြို့ (၁၇) ရပ်ကွက် ကန်လမ်း ကေတုမတီ ကျုံးအနီးရှိ ဗိုလ်ချုပ် ရုပ်တုရင်ပြင်၌ ယခင်ထားရှိ သည့် ရုပ်တုအစား ယခု အမြင့် ၁၅ ပေရှိ သည့် ဗိုလ်ချုပ် ကြေးရုပ်တုကြီးကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

ထိုဗိုလ်ချုပ် ကြေးရုပ်တုကြီးသည် အမြင့် ၁၅ ပေ၊ ကြေးပိဿာချိန် ၄၅၃ ပိဿာရှိကာ မြန်မာနိုင်ငံ၌ အမြင့်ဆုံး ရုပ်တုဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုကို ရန်ကုန်မြို့ရှိ ဆီလီကွန်နှင့် ပန်းပုပညာရှင် ဒဿဂီရိ ဦးအောင်ကျော်ထွန်း နှင့် ကြေးသွန်း ပညာရှင် ဦးအောင်မင်း တို့က သွန်းလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုရုပ်တုကို ၂ဝ၁၅ ခုနှစ် ဗိုလ်ချုပ် နှစ် ၁ဝဝ ပြည့်မွေးနေ့ပွဲတော် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက် အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ကြေးရုပ်တုဖွင့်ပွဲကို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ယခု ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် နံနက်ပိုင်းတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117