Connect with us

Politics, Law & Military

ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့၌ တရားမဝင်ကုန်ပစ္စည်း ကျပ် ၃၄သန်းကျော်ဖိုး ဖမ်းမိ

အမြဲတမ်းစစ်ဆေးရေးစခန်းတို့၌ ဖမ်းဆီးရမိသော တရားမ၀င်ပစ္စည်းများအားတွေ့ရစဉ်(ဓာတ်ပုံ-ကြေးမုံ)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၆ ရက်တွင် ခန့်မှန်းတန်ဖိုးငွေ ၃၄သန်းကျော်ဖိုးရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများ ကို စစ်ဆေးမှုပြုလုပ် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၆ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှု ငါးမှု(ခန့်မှန်းတန် ဖိုးငွေကျပ် ၃၂ ဒသမ ၉၅ သန်းခန့်)၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု သုံးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၂၇၈ သန်းခန့်) စုစုပေါင်းတားဆီးမှု ရှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄ ဒသမ ၂၂၈ သန်းခန့်)ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် အောက်တိုဘာ ၆ ရက်တွင် မူဆယ်မြို့နှင့်မန္တလေးမြို့များသို့ သွားရောက်မည့်ယာဉ်များကို ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ် ယာဉ်ငယ်လေးစီး နှင့် ခရီးသည်တင်ယာဉ် တစ်စီးပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် စီးကရက်ဖာ ၂ဝ အပါအဝင် လူသုံးကုန် ပစ္စည်း လေးမျိုး (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၃၂ ဒသမ ၉၅ သန်းခန့်)ကို စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.