Connect with us

Politics, Law & Military

ရဲတပ်ဖွဲ့ဝင်အင်အား ၂၁၅ ဦးကို တရားမဝင်သစ်များ ရှာဖွေဖမ်းဆီးသော သစ်တော ဝန်ထမ်းများ၏ လုံခြုံရေးအတွက်ခန့်အပ်

သစ်လုံးများတင်ထားသည့်ကားအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရားမဝင်သစ်များ ရှာဖွေဖမ်းဆီးသော သစ်တော ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ရဲတပ် ဖွဲ့ဝင်အင်အား ၂၁၅ ဦးကိုတိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုရှိ ခရိုင် ၁၄ ခု၌ စက်တင်ဘာလ မှ စတင်ခန့်အပ်ရန် ဆောင်ရွက်လျက် ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့အား ၂ဝ၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ပြည်ထဲရေး ဝန်ကြီးဌာနက သစ်တောဦးစီး ဌာနသို့ တွဲပေးထားသည့် ရဲတပ်ဖွဲ့ဝင် အင်အားကို နေပြည် တော်၊ ရန်ကုန် မြောက်ပိုင်းခရိုင်၊ ပဲခူးတိုင်း ဒေသကြီးရှိ ပြည်၊ တောင်ငူ၊ သာယာဝတီ၊ ပဲခူးခရိုင် နှင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ မုံရွာ၊ ရွှေဘို၊ ကသာခ ရိုင်နှင့် မကွေးတိုင်း ဒေသကြီးရှိ ပခုက္ကူ၊ ဂန့်ဂေါ ခရိုင်၊ ရှမ်းပြည်နယ်ရှိ တောင်ကြီးခရိုင်၊ လားရှိုးခရိုင်နှင့် ဧရာဝတီတိုင်း ဒေသကြီးရှိ ပုသိမ်ခရိုင် တို့၌ ဖြန့်ခွဲချ ထားခြင်းဖြ စ်ကြောင်း သိရသည်။
ထိုသို့ တရားမဝင်သစ်များ ဖမ်းဆီးရာတွင် ဝန်ကြီးဌာန အနေဖြင့် တပ်မတော်နှင့် အုပ်ချုပ်ရေး ဌာနများနှင့်ပါ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ပြီး လက်ရှိ ဖြန့်ဝေချထားမှု အပေါ် သုံးသပ်ကာ ကျန်ဒေသများ၌ ရဲတပ်ဖွဲ့ဝင် အင်အား တိုးချဲ့ချထားခြင်းများ ဆောင်ရွက်ရန် ပြည်ထဲရေး ဝန်ကြီး ဌာနနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဝန်ကြီးဌာန အနေဖြင့် သစ်တော ပြုန်းတီးမှု ကာကွယ်ရေး အတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ ကျွန်းနှင့် သစ်မာ ထုတ်လုပ်မှုကို လုံးဝရပ်နား ရန် နိုင်ငံ တော်သမ္မတရုံးသို့ တင်ပြထားပြီး တရားဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ တရားမဝင် ထုတ်ယူခြင်းကို နည်းလမ်းငါးခုဖြင့် ဖမ်းဆီး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.