Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးဝန်ထမ်းများနှင့်တွေ့ဆုံစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

(၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ နိုင်ငံအကြီးအကဲ၊အစိုးရအဖွဲ့အကြီးအကဲများမှ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှု အစီအစဉ်ကို စက်တင်ဘာ ၂၀ ရက်နေ့ ဒေသစံတော်ချိန် ၀၉း၀၀ နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စက်တင်ဘာ ၂၁ ရက်နေ့တွင် အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံကို နှစ်စဉ် စက်တင်ဘာလ ၊ တတိယရက်သတ္တပတ်၏ အင်္ဂါနေ့တွင် စတင်ကျင်းပလေ့ရှိပြီး ၉ရက်ကြာ ကျင်းပလေ့ရှိသည်။

နိုင်ငံအကြီးအကဲ၊အစိုးရအဖွဲ့အကြီးအကဲများမှ နိုင်ငံတကာတွင်ဖြစ်ပေါ်နေသည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားခြင်း ဖြစ်သည့်အတွက် အလေးပေးဆွေးနွေးမည့် ဘာသာရပ်ခေါင်းစဉ်ကို နှစ်စဉ်ရွေးချယ်သတ်မှတ်လေ့ရှိပြီး ယခုနှစ်အတွက် ဘာသာရပ်ခေါင်းစဉ်မှာ “The Sustainable Development Goals: a universal push to transform our world” ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.