Connect with us

Politics, Law & Military

ရွေးကောက်ပွဲ အသုံးစရိတ် တင်သွင်းရန် ပျက်ကွက်သည့် ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များအား ခုံရုံးဖွဲ့စတင် ကြားနာ စစ်ဆေး

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲရေတွက်နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း များအနက် ရွေးကောက်ပွဲ အသုံးစရိတ် တင်သွင်းရန် ပျက်ကွက်သည့် ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယနေ့ဇန်နဝါရီ ၂၁ ရက်မှ စတင်၍ ခုံရုံးဖွဲ့ကြားနာစစ်ဆေးနေကြောင်း သိရသည်။

“ဒီနေ့သူတို့ကို စပြီး စစ်နေပါပြီ။ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်နိုင်တဲ့သူတွေ အားလုံးကို စစ်မှာပေါ့။ကော်မရှင်က မတင်ဖြစ်တဲ့ အကြောင်းကို သူတို့ကို ရှင်းလင်းချက် တောင်းမှာပါ။သူတို့ခိုင်လုံတဲ့ ရှင်းလင်းချက် ပေးနိုင်လို့ရှိရင်တော့ ဆုံးဖြတ်ချက် တစ်မျိုးပြောင်းမှာပါ။ဒါပေမယ့် သူတို့မလာတာတို့၊ မရှင်းလင်းနိုင်တာတို့ဆိုရင်တော့ အရည်အချင်း ပျက်ယွင်းတဲ့သူလို့သတ်မှတ် ဆုံးဖြတ် သွားမှာပါ။ အဲလိုဆုံးဖြတ်ပြီးရင်တော့ သူတို့ကို ဒုတိယအကြိမ် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲမှာ သူတို့ဝင်ရောက် ရွေးပိုင်ခွင့် မရှိတော့ပါဘူး။” ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခုံရုံးဖွဲ့ကြားနာစစ်ဆေးမှုအား ယနေ့ဇန်နဝါရီ ၂၁ ရက်မှ စတင်၍ ဇန်နဝါရီ ၂၉ ရက်အထိ သတ်မှတ်နေ့အလိုက် တိုင်းဒေသကြီး/ပြည်နယ် ၁၃ ခုမှ ရွေးကောက်ပွဲ အသုံးစရိတ် တင်သွင်းရန် ပျက်ကွက်သည့် ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များအား စစ်ဆေးသွားမည် ဖြစ်ပြီး ကယားပြည်နယ်နှင့် နေပြည်တော်မှာ ရွေးကောက်ပွဲ အသုံးစရိတ် အစီရင်ခံစာ တင်သွင်းရန် ပျက်ကွက်မှု မရှိကြောင်း သိရသည်။
ရွေးကောက်ပွဲ အသုံးစရိတ် တင်သွင်းရန် ပျက်ကွက်သည့် ကိုယ်စားလှယ်လောင်း ၁၇၅ ဦး နှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် ၃၂ ဦး စုစုပေါင်း ၂၀၇ ဦး ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ကြေညာထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.