Connect with us

Politics, Law & Military

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း ယာဉ်၃စီးပေါ်မှ ကျပ်သိန်း ၃ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်နှင့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ယာဉ်၃စီးပေါ်မှ ကျပ်သိန်း ၃ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

တာချီလိတ်မြို့နယ် ကျိုင်းလပ်-တာလေကားလမ်း ကီလိုမီတာတိုင် အမှတ်(၂၂)အနီး၌ စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ကျိုင်းလပ် ကျေးရွာမှ တာလေမြို့သို့ မောင်းနှင် လာသည့် Hilux ယာဉ်အား သတင်းအရ ရပ်တန့်စစ်ဆေးရာ ကဖင်း ကီလို ၁၀၀၀ (တန်ဖိုးငွေကျပ် သိန်း ၁၀၀၀) အား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ကျိုင်းလပ်ကျေးရွာမှ တာလေမြို့သို့ Hilux Vigo ယာဉ်မှာ ထပ်မံ ရောက်ရှိ လာသဖြင့် စစ်ဆေးရန် ရပ်တန့် ခိုင်းစဉ် ယာဉ်ပေါ်ပါ တစ်ဦး ဆင်းပြေး သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်ရာ ၎င်းတွင် ခြေကျင်းဝတ် သေနတ် ထိမှန် မစိုးရိမ်ရ ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီးယာဉ်ပေါ်မှ ကဖင်း ကီလို ၉၅၀ (တန်ဖိုး ငွေကျပ် သိန်း ၉၅၀)အား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မိုးမောက်မြို့နယ် လွယ်ဂျယ်-မိုးမောက် ကားလမ်း၌ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များသည် မောင်းနှင် လာသည့် Crown ယာဉ်အား ရပ်တန့်စစ်ဆေးရာ ဘိန်းဖြူ ဆပ်ပြာခွက် ၆၆ ခွက် ဝ.၆၆ ကီလို( တန်ဖိုးငွေကျပ် သိန်း ၆၆၀)နှင့် တံဆိပ်မပါ စိတ်ကြွဆေးပြား ၃၉,၉၀၀ (တန်ဖိုးငွေကျပ် ၇၉၈ သိန်း) အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါး များဆိုင်ရာ ဥပဒေ အရ အရေးယူ ထားရှိကြောင်းနှင့် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.