Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ မူးယစ်ဆေးဝါးများ ဖမ်းမိ

ဖမ်ဆီးရမိသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း မေ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျပ် သိန်း ၇၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မန်လုံကျေးရွာဘက်မှ လွယ်လွယ်ကျေးရွာ ဘက်သို့ မောင်းနှင်လာသော KENBO-125 အမျိုးအစား မော်တော်ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်ပေါ်ရှိ ဘေးလွယ်အိတ် အတွင်းမှ 88/1 စာတန်းပါ စိတ်ကြွဆေးပြား ၁၇ဝ ပြားပါ လေးထုပ်နှင့် ၂ဝဝ ပြားပါ ၂ဝ ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၆၈ဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၇ဝ ကျော်)တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.