Connect with us

Politics, Law & Military

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးစိုးဝင်းအား ခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်သို့တင်ပြ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့် အပ်ရန် အမည်စာရင်း တင်သွင်းခံထား ရသူ ဦးစိုးဝင်း၏ ကိုယ်ရေး အကျဉ်းအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar Union Parliament)

နေပြည်တော် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးစိုးဝင်းအား ခန့်အပ် တာဝန်ပေးရန် နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားကြောင်း ယနေ့မေ ၂၈ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အသိပေး တင်ပြခဲ့သည်။

ဦးစိုးဝင်းသည် ၁၉၃၈ ခုနှစ်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး အသက်အားဖြင့် ၈၀ နှစ် ရှိကာ ပညာ အရည်အချင်းတွင် ဝိဇ္ဇာ ၊ ဥပဒေ ဝိဇ္ဇာ ၊ စီမံခန့်ခွဲရေး ဒီပလိုမာ(BA,BL,DMA) ရရှိထားသူ ဖြစ်ကြောင်း ၊ လက်ရှိ အလုပ်အကိုင် အနေဖြင့် Deloitte Touche Myanmar Vigour Advisory Limited တွင် Country Managing Partner အဖြစ် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ထံမှ ပေးပို့ထားသော ပြည်ထောင်စု ဝန်ကြီး ခန့်အပ် တာဝန် ပေးလိုခြင်း နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြည်ထောင်စု လွှတ်တော်သို့တင်ပြခဲ့ပြီးနောက် ၎င်းအား ပြည်ထောင်စု ဝန်ကြီး အဖြစ် သတ်မှတ် အရည်အချင်း နှင့် ကိုက်ညီမှု ရှိ ၊ မရှိ ကန့်ကွက်လိုသူများ ရှိပါက မေ ၃၁ ရက် နောက်ဆုံးထား၍ ပြည်ထောင်စု လွှတ်တော်သို့တင်ပြရန် ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117