Connect with us

Politics, Law & Military

လူကုန်ကူးမှု တြိုတင် ကာကွယ်ရေး အထူးစီမံကိန်းများ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်

နိုင်ငံတော် ဒုတိယ သမ္မတ (၂) ဦးဗန်ထီးယူ အဖွင့်မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

လူကုန်ကူးမှု မဖြစ်ပွားရေး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရာတွင် အထူးစီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း နိုင်ငံတော် ဒုတိယ သမ္မတ (၂) ဦးဗန်ထီးယူက ယနေ့ပြောကြားသည်။

“လူကုန်ကူးမှု ကြိုတင်ကာကွယ်ရာမှာ များစွာသော စိန်ခေါ်မှုတွေကို ရင်ဆိုင် ကြုံတွေ့နေရပါတယ်၊ အထူးသဖြင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သက်ရောက်မှု အများဆုံး ခံနေရပါတယ်၊ ဒါ့ကြောင့် မူရင်း နိုင်ငံ၊ ဆိုက်ရောက်နိုင်ငံ၊ ကြားခံနိုင်ငံတွေအကြား ကြိုတင်ကာကွယ်ရေးဆိုင်ရာ အထူး စီမံကိန်းများ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ကျင်းပသော ဆဌမအကြိမ်မြောက် လူကုန်ကူးမှု တားဆီးရေး နှစ်ပတ်လည် အခမ်းအနား၌ ဒုတိယ သမ္မတက ပြောခဲ့ခြင်း ဖြစ်သည်။

အလားတူပင် လူကုန်ကူးမှု ဖြစ်ပွားရာ မူရင်းနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့ကို တိုးမြှင့် စေခြင်းသည်လည်း အရေးပါကြောင်း၊ ထို့ကြောင့် လူကုန်ကူးမှုကို တိုက်ဖျက်ရေးအတွက် မူရင်း နိုင်ငံ၏ အခြားသော ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးကို ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ဆဌမအကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

“ပဉ္စမအကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့မှ စပြီး ယနေ့အထိ လူကုန်ကူးမှု ၂၀၁ မှု ဖော်ထုတ်နိုင်ခဲ့ပါတယ်၊ လူကုန်ကူးခံရသူ ကျား – ၃၂ဦး၊မ -၂၁၈ ဦး၊ စုစုပေါင်း ၂၅၀ ဦးစိစစ် သတ်မှတ်နိုင်ခဲ့ပြီး ၁၄၂ မှုကို တရားစွဲတင်နိုင်ခဲ့ရာ တရားခံ ကျား -၁၀၆ ဦး၊ မ -၂၆၀၊ ပေါင်း ၃၆၆ ဦးတို့ကို ဖော်ထုတ်အရေးယူနိုင်ခဲ့ပါတယ်၊ ပြစ်မှု ကျူးလွန်ရာမှ ရရှိတဲ့ ငွေကြေးနဲ့ပစ္စည်းတွေကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူမှုတွေ ပိုမို ထိရောက်အောင်ဆောင်ရွက်နေပါ တယ်” ဟုလည်း ဒုတိယ သမ္မတက ပြောခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးခံရသူများကို ကူညီထောက်ပံ့နိုင်ရန် သီးခြား ရန်ပုံငွေ မထူထောင်နိုင် သေးသော်လည်း လူကုန်ကူးခံရသူများအား ကူညီထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၇ – ၁၈ ဘဏ္ဍနှစ် အတွင်း လူကုန်ကူးခံရသူ ၁၇၅ ဦးတို့အတွက် ကျပ် ၁၉၇ သိန်းကျော်၊၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် အစမှ ယနေ့အထိ လူကုန်ကူးခံရသူ ကိုးဦးအတွက် ကျပ် ၇၁ သိန်း၊ စုစုပေါင်း ၂၆၈ သိန်းခန့် ထောက်ပံ့ ပေးပြီး ဖြစ်ကြောင်း၊ ၂၀၁၈ ဇူလိုင် ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမ္ဘာ့နိုင်ငံ ၁၆၇ နိုင်ငံတို့ အပေါ် သုံးသပ်ထားသော ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် နံပါတ် (၁၈)တွင် ရှိနေကြောင်း၊ မြန်မာနိုင်ငံ လူဦးရေ ၅၂ သန်းကျော်၏ ၁၀ ရာခိုင်နှုန်းသည် ခေတ်သစ် ကျေးကျွန် စနစ်အောက်တွင် နေထိုင်နေရသည်ကို သိရကြောင်း၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှု ဖြစ်စဉ်ကို လေ့လာ ရာတွင် အဓမ္မ ခိုင်းစေခြင်း၊ အဓမ္မ ထိမ်းမြားလက်ထပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အဓမ္မ မွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ ခိုင်းစေခြင်း ဟူ၍ ပု့စံ ငါးမျိုး ဖြစ်ပွားသည်ကို တွေ့ရကြောင်း၊ ၂၀၁၇ ခုနှစ် ကိန်းဂစန်းများအရ အဓမ္မ လက်ထပ် ထိမ်းမြားမှု ၆၀ ဒသမ ၁ ရာခိုင်နှုန်း၊ အဓမ္မ ပြည့်တန်ဆာပြုမှု ၁၇ ဒသမ ၂ ရာခိုင်နှုန်း၊ အဓမ္မ အလုပ်ခိုင်းစေမှု ၂၀ ဒသမ ၉ ရာခိုင်နှုန်း၊ ကလေး သူငယ် လူကုန်ကူးမှု ၀ ဒသမ ၈ ရာခိုင်နှုန်း၊ ကြွေမြီဖြင့် နှောင်ဖွဲ့ခိုင်းစေမှု ၁ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ သည်ကို တွေ့ရကြောင်းလည်း ဒုတိယ သမ္မတက ဖြည့်စွက်ပြောကြားခဲံသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.