Connect with us

Politics, Law & Military

သစ်တောနယ်မြေရှိ ဆက်သွယ်ရေး တာဝါတိုင်များမှ အခွန်အခငွေ ၁ ဒသမ ၃၄ ဘီလျံကျော် ရရှိ

ရန်ကုန်မြို့ကြေးနန်းရုံးရှိ ဆက်သွယ်ရေးတာဝါတိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

သစ်တော နယ်မြေအတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်များအတွက် ၂၀၁၅ ခုနှစ်မှ ယနေ့အထိ မြေငှားရမ်းခ၊ လုပ်ငန်း အာမခံနှင့် ကုန်သွယ်လုပ်ငန်းခွန်များ စုစုပေါင်း ကျပ် ၁ ဒသမ ၃၄၅၂ ဘီလျံ(ကျပ် ၁၃၄၅၂ သိန်း) ရရှိထားကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကုမ္ပဏီ ဆယ်ခုအတွက် တာဝါတိုင် ၂၄၁ တိုင်အနက် ၂၀၁၇ ဇူလိုင်လကုန်အထိ နှစ်ရှည် မြေငှား စာချုပ် ချုပ်ဆိုပြီး တာဝါတိုင် ၂၄၀ တိုင် ရှိပါတယ်။ အဲဒီတိုင်တွေ အတွက် မြေငှားရမ်းခ၊ လုပ်ငန်း အာမခံနှင့် ကုန်သွယ်လုပ်ငန်းခွန် ငါး ရာခိုင်နှုန်းတို့ကို နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် သက်ဆိုင်ရာ ခရိုင်၊သစ်တောဦးစီးဌာန ငွေစာရင်း(ပြည်ထောင်စု ရန်ပုံငွေစာရင်း)မှာ ပေးသွင်းဆောင်ရွက်လျက်၇ှိရာမှာ ၂၀၁၅ ခုနှစ်မှ ယခုအချိန်အထိ စုစုပေါင်း ၁၃၄၅၂ သိန်းကို နိုင်ငံတော်သို့ ပေးသွင်းပြီး ဖြစ်ပါတယ်” ဟု မင်းတုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းနု၏ အမေးကို ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ခြင်း လုပ်ငန်းသည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်း ဖြစ်ပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်း ဖြစ်သည့်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနအနေဖြင့် သစ်တောနယ်မြေနှင့် ဌာနပိုင် နယ်မြေများမှာ အတတ်နိုင်ဆုံး ခွင့်ပြုပေး လျက် ရှိကြောင်း၊ နှစ်ရှည် မြေငှားခွင့် လျှောက်ထားရာတွင် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ရရှိထားသူတို့သည် ကိုယ်တိုင်၊ သို့မဟုတ် ၎င်းတို့၏ တစ်ဆင့်ခံ တာဝါတိုင်တည်ဆောက်ရေး ကုမ္ပဏီများက ရေဒီယိုစခန်းနှင့် တာဝါတိုင်တည်ဆောက်မည့် နေရာ အကျယ်အဝန်း ဧရိယာ ဧက အလိုက် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးထံ လိပ်မူ၍ လျှောက်ထားရမည် ဖြစ်ပြီး အဆိုပါ စခန်းနှင့် မြေနေရာများသည် သစ်တောမြေအတွင်း ကျရောက်ပါက ဆိုင်ရာဆိုင်ခွင့် လုပ်ကိုင်ခွင့် ရရှိသူများနှင့် ဖြေရှင်းရခြင်း၊ ၂၀၁၃ ခုနှစ်ကြိုးဝိုင်း ကျူးကျော်စာရင်း ကောက်ယူရရှိထားသော ကျေးရွာမြေများစာရင်းပါ ခြံမြေများ၊ နှစ်ရှည် စိုက်ခင်းများ၊ ယာမြေများတွင် တည်ဆောက်ပါက တောင်သူများနှင့် ညှိနှိုင်း ဖြေရှင်းရသော အခက်အခဲများ ရှိကြောင်း၊ ထိုသို့ အခြားမြေ အသုံးချမှုများနှင့်လွတ်ကင်းကြောင်း၊ ညှိနှိုင်းပြီး ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးထံ ပြန်လည် တင်ပြပြီး ပြည်ထောင်စု ဝန်ကြီးထံမှ ခွင့်ပြုချက် ရမှသာ တည် ဆောက်ကြခြင်း ဖြစ်ကြောင်း၊ မြေနေရာ အကျယ်အဝန်းအရ တစ်လ ငှားရမ်းခများမှာ ပေ ၆၀ ပတ်လည် အတွက် ကျပ် နှစ်သိန်း၊ ပေ ၁၀၀ ပတ်လည် အတွက် လေးသိန်းနှင့် ပေ ၂၁၆ ပတ်လည် အတွက် ရှစ်သိန်း ကျပ် နှုန်းထားများဖြင့် သက်ဆိုင်ရာ ခရိုင် သစ်တောဦးစီးဌာန ငွေစာရင်း အမှတ်များတွင် ပေးသွင်းရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.