Connect with us

Politics, Law & Military

အစိုးရနှင့် ဆွေးနွေးရာတွင် စုစုစည်းစည်း ဖြစ်နိုင်ရေး အဖွဲ့ ဖွဲ့စည်းရန် ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ပဉ္စမနေ့ဆက်လက် ကျင်းပစဉ် (ဆင်ဟွာ)

မိုင်ဂျာယန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

အပစ်အခတ် ရပ်စဲထားသည့် အဖွဲ့၊ အပစ်အခတ် မရပ်စဲထားသည့် အဖွဲ့ဆို၍ ခွဲခြား မနေဘဲ အစိုးရနှင့် ဆွေးနွေးရာတွင် စုစုစည်းစည်း ဖြစ်နိုင်ရေး အတွက် ဆွေးနွေးရေး အဖွဲ့၁ ဖွဲ့ ဖွဲ့စည်း ပေးနိုင်ပါက အင်မတန် ကောင်းမည်ဟု ယုံကြည်ကြောင်း ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့(KIO) ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဇူလိုင်လ ၃၀ ရက် မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ပဉ္စမနေ့တွင် ပြောကြားခဲ့သည်။

“အစိုးရနဲ့ဆွေးနွေးတဲ့ အခါမှာပဲ ဖြစ်ဖြစ် ၊ တိုင်းရင်းသား ပေါင်းစုံ ညီလာခံမှာပဲ ဖြစ်ဖြစ် ဦးဆောင်ဦးရွက် လုပ်နိုင်တဲ့ အဖွဲ့တစ်ရပ်ကို ဖွဲ့စည်းနိုင်လို့ရှိရင် ရှေ့လုပ် ငန်းစဉ်များမှာ အားလုံးက ညီညီ ညွတ်ညွတ်နဲ့ ဆုံးဖြတ်ပြီးတော့ အစိုးရနဲ့လည်း ဆွေးနွေးနိုင်မယ်။တိုင်းရင်းသား ပေါင်းစုံနဲ့ဆွေးနွေးတဲ့ အခါလည်း ဆွေးနွေးနိုင်မယ် ဆိုတော့ ပိုပြီးတော့ ဒီလို ဆုံစည်းတဲ့ အချိန်မှာ အဖွဲ့၁ ဖွဲ့ ဖွဲ့စည်းနိုင်ဖို့ တိုက်တွန်းလိုပါတယ်”ဟု အစည်းအဝေး သဘာပတိ ဖြစ်သူ KIO ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောသည်။
ထိုသို့ဖွဲ့စည်းရာတွင် အဖွဲ့အစည်း ၁ ဖွဲ့ပြန်ဖွဲ့စည်းရန် မဟုတ်ဘဲ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရေး ဆွေးနွေးမှု၌ အားလုံး ပါဝင်ပြီး ဆွေးနွေးနိုင်ရန် စုဖွဲ့နိုင်ပါက ပို၍ အကျိုးရှိမည် ဖြစ်ကြောင်း ၎င်းက အစည်းအဝေးတွင် တင်ပြခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ပဉ္စမနေ့တွင် အလုပ်အဖွဲ့ အသီးသီးမှ ထပ်မံ ပြင်ဆင် ရေးသားထားသည့် ပင်လုံ လက်စွဲ စာတမ်း ၊ ဖက်ဒရယ် ပြည်ထောင်စု နှင့် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တို့တွင် ပါဝင်ရမည့် အခြေခံမူများ ၊ အမျိုးသား ကာကွယ်ရေးနှင့် အမျိုးသား လုံခြုံရေး မူဝါဒ ဆိုင်ရာ အခြေခံမူများနှင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဆိုင်ရာ မူဝါဒများ တင်သွင်း ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ထို့အတူ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆက်စပ် ညှိနှိုင်းရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များအား ဆွေးနွေးခြင်း ၊ အစည်းအဝေး ထုတ်ပြန်ကြေညာချက်အား ဖတ်ကြား အတည်ပြုခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.