Connect with us

Politics, Law & Military

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ နှင့် ငွေစာရင်းကော်မတီဖွဲ့စည်း

ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ဒုတိယနေ့အခမ်းအနားမြင်ကွင်း အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

အမျိုးသားလွှတ်တော် အနေဖြင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ နှင့် ပြည်သူ့ငွေစာရင်းကော်မတီတို့အား ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်း၍ ကော်မတီဥက္ကဋ္ဌများအား ရွေးချယ်ခဲ့သည်။

လွှတ်တော်၏ အဓိက တာဝန်ဖြစ်သည့် ဥပဒေ ပြုရေးနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေး တာဝန် များကို စတင် ထမ်းဆောင်နိုင်ရန် တာဝန်ဖြစ်သည့် ဥပဒေ ပြုရေးနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေး တာဝန် များကို စတင် ထမ်းဆောင်နိုင်ရန်အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ ငွေစာရင်း ကော်မတီတို့အား ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး တွင် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းက တာဝန်ယူပြီး၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာ မြတ်ဉာဏစိုးမှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ နှင့် အတွင်းရေးမှုးတို့အားလည်း ခန့်အပ်ခဲ့ကြောင်း သိရသည်။ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေတို့အရ ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ငွေစာရင်းကော်မတီ ၊ လွှတ်တော် အခွင့်အရေး ကော်မတီ နှင့် အစိုးရ၏ အာမခံချက်များ ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးရမည် ဖြစ်ကြောင်း ၊ ၎င်းတို့၏ တာဝန် ၊ လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့် နှင့် သက်တမ်းကိုလည်း အမျိုးသားလွှတ်တော်မှ သတ်မှတ်ပေးရမည် ဖြစ်ကြောင်း ၊ ကော်မတီ တစ်ခုချင်းတွင် ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး အပါအဝင် ကော်မတီဝင် ၁၅ ဦးစီဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း ၊ ကော်မတီ ၄ ရပ် ဖွဲ့စည်းသည့် အခါ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှ ကော်မတီ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး ၊ အဖွဲ့ဝင်များအား ရွေးချယ် သတ်မှတ် ဖွဲ့စည်းရမည် ဖြစ်ကြောင်း ၊ ကော်မတီ ၄ ရပ် အနေဖြင့် လွှတ်တော် ကျင်းပချိန်တွင် လွှတ်တော်ကို တာဝန်ခံရမည် ဖြစ်ပြီး လွှတ်တော် ကျင်းပချိန် မဟုတ်လျှင် လွှတ်တော်၏ ဥက္ကဋ္ဌကို တာဝန်ခံရမည် ဖြစ်ကြောင်း ၊ ကော်မတီ ၄ ရပ်၏ သက်တမ်းသည် လွှတ်တော်၏ သက်တမ်းနှင့် အညီ ငါးနှစ် ဖြစ်ပြီး ဥက္ကဋ္ဌ အနေဖြင့် ကော်မတီ၏ သက်တမ်း တစ်နှစ်ပြည့်မြောက်သည့် အခါ ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျှော်သလို လဲလှယ် အစားထိုး တာဝန် ပေးအပ်နိုင်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းသန်းခိုင်က ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.