Connect with us

Politics, Law & Military

ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် သူရဦးရွှေမန်းကို အတည်ပြုခန့်အပ်

သူရ ဦးရွှေမန်း နေပြည်တော်၌ ဇန်နဝါရီလ ၂၉ ရက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး တတိယနေ့ ၌ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် သူရဦးရွှေမန်းကို အတည်ပြုခန့်အပ်လိုက်သည်။

အဆိုပါ ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးကိုကိုနိုင်(ရမည်းသင်း မဲဆန္ဒနယ် )ကို ခန့်အပ်လိုက်ပြီး ဦးအေးမောက်၊ ဦးကြည်သာ၊ ဦးတင်မောင်ဦး၊ ဦးဝင်းသန်း၊ ဦးစောလှထွန်း၊ ဒေါက်တာ စိုးမိုးအောင်၊ ဦီးစိုးရယ် စသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ထည့်သွင်းဖွဲ့စည်းထားသည်။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်း စစ်သုံးသပ်ရေးကော် မရှင်ကို အဖွဲ့ဝင် ၂၃ ဦးနှင့် စတင်ဖွဲ့စည်းလိုက်ပြီး အဆိုပါ ကော်မရှင် သည် ဥပဒေကြမ်းကော်မတီကို အဓိက ပံ့ပိုးပေးမည့် အရေးပါသော ကော်မရှင်တစ်ခုဖြစ်သည်။ (Xinhua)