Connect with us

Politics, Law & Military

Rio 2016 အိုလံပစ်ပွဲ အမီ ဇီကာဗိုင်းရပ်စ် ပြန့်ပွားမှု ကျဆင်းသွားရန် ပွဲစီစဉ်သူများ မျှော်လင့်

အိုလံပစ် လိုဂိုတံဆိပ်အား တွေ့ရှိရစဉ် (ဆင်ဟွာ)

ရီယို ဒီ ဂျန်နိုင်ရို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍အရေးပေါ်ထုတ်ပြန်ချက် ကြေညာပြီး နောက်တစ်ရက်တွင် Rio 2016 ဖြစ်မြောက်ရေး ကော်မတီ သည် ပြိုင်ပွဲများ ကျင်းပချိန်၌ ယင်းဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြဿနာကို အချိန်မှီဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများ နှင့် ခရီးသွားများအား ၎င်းတို့၏ အိမ်ပြတင်းပေါက်များကို ပိတ်ထားရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ခန့်မှန်းချေ ဘရာဇီးလူမျိုး ၁.၅သန်းကျော်သည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဇီကာဗိုင်းရပ်စ် ကူးစက် ခံခဲ့ရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ခု ၌ Rio အိုလံပစ် ပွဲစီစဉ်သူများက ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စိုးရိမ်မှု ရှိနေသော်လည်း ပြိုင်ပွဲ ကျင်းပချိန်ဖြစ်သည့် ဆောင်းရာသီတွင် ခြင် ပေါက်ဖွားမှု လျော့နည်းလာသောကြောင့် ယင်း ဗိုင်းရပ်စ် ပြန့်နှံ့မှု လျော့ပါးသွားနိုင်ကြောင်း ပြောကြားခဲ့သည်။

Rio 2016 ဖြစ်မြောက်ရေး ကော်မတီ ကျန်းမာရေး ဝန်ဆောင်မှု ဒါရိုက်တာ Joao Grangeiro က Rio 2016 တွင် ဘရာဇီးနိုင်ငံ ၏ ဇီကာဗိုင်းရပ်စ် နှင့်ပတ်သက်၍ သတင်းအချက်အလက်များအား နိုင်ငံတကာ အိုလံပစ် ကော်မတီနှင့်အတူ နေ့စဉ် စောင့်ကြည့်လျက်ရှိပြီး ပြိုင်ပွဲဝင် အားကစားသမားများနှင့် ခရီးသွားဧည့်သည်များ အနေဖြင့် Rio ၌ နေထိုင်စဉ်အတွင်း ခြင်ကိုက်မခံရစေရန် သင့်လျော်သည့် အဝတ်အစားများဝတ်ခြင်း၊ ခြင်ကာကွယ်ဆေးများ လိမ်းခြင်း တို့ကို ပြုလုပ်ရန် တိုက်တွန်းထားကြောင်း သိရသည်။

တောင်အမေရိက တွင် ပထမဆုံး ကျင်းပခြင်းဖြစ်သည့် Rio အိုလံပစ် ပွဲတော် ကို သြဂုတ်လ ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ပွဲစီစဉ်သူများက အားကစားပြိုင်ပွဲ ၄၂ ပွဲ အတွက် လက်မှတ်ပေါင်း ၂.၇၅ သန်းကို ရောင်းချပြီးဖြစ်ကြောင်း နှင့် ယင်းလက်မှတ်အရေအတွက် သည် အိုလံပစ် ပွဲတစ်ခုလုံး၏ ၇၅ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.