Connect with us

Politics, Law & Military

အရေးပေါ် စီမံမှု အက်ဥပဒေ ကို ရုပ်သိမ်းသည့် ဥပဒေအား နိုင်ငံတော် သမ္မတ လက်မှတ် ရေးထိုး ပြဌာန်း

နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

အရေးပေါ် စီမံမှု အက်ဥပဒေ ကို ရုပ်သိမ်းသည့် ဥပဒေအား နိုင်ငံတော် သမ္မတ က လက်မှတ်ရေးထိုး ပြဌာန်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးအပ်ထားသည့် နိုင်ငံသားတို့၏ မူလအခွင့်အရေးနှင့် လူ့အခွင့် အရေး များကို ထိန်းချုပ် ကန့်သတ်စေသည့် အရေးပေါ် စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် စတင် ဆွေးနွေးခဲ့ပြီး လွှတ်တော် နှစ်ရပ်လုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၃ ရက် ပြည်သူ့လွှတ်တော်၌ ကြေညာခဲ့သည်။အရေးပေါ်စီမံမှုအက်ဥပဒေ (၁၉၅၀ ပြည့်နှစ်၊ အက်ဥပဒေအမှတ် ၁၇။) ကို ယခု ဥပဒေဖြင့် ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117