Connect with us

Politics, Law & Military

အာဆီယံ နယ်စပ်ဖြတ်ကျော်ကားလမ်းများ သတ်မှတ်ပြီးစီးဟု ဝန်ကြီးပြော

ပြည်ထောင်စုဝန်ကြီးက လွှတ်တော်၌ ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အာဆီယံ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများနှင့် မြန်မာနိုင်ငံသို့ အဝင်အထွက် နေရာများကို သတ်မှတ်ပြီး ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ ပြည်ထောင်စု လွှတ်ေတော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ASEAN CTP မူဘောင်သဘောတူစာချုပ်ကို သယ်ယူ ပို့ဆောင်ရေးနဲ့ သက်ဆိုင်သော ဥပဒေ လုပ်ထုံး လုပ်ငန်းများနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့နယ်စပ်ဖြတ်သန်း လမ်း ကြောင်း များ သတ်မှတ်ခြင်း၊ အထောက်အကူပစ္စည်းများ တပ်ဆင်ခြင်း၊ အဝင်အထွက်နေရာများ သတ်မှတ်ခြင်း တို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ လမ်းကြောင်းအနေနဲ့ နယ်စပ်ဖြတ်သန်း လမ်းမ ကြီးနှစ်ခု ဖြစ်တဲ့ AH 1 (တမူး – မန္တလေး – မိတ္ထီလာ – ရန်ကုန် – ပဲခူး – ဘုရားကြီး – သထုံ – မြဝတီ – မဲဆောက်) နှင့် AH 2 (မိတ္ထီလာ – လွိုင်လင် – ကျိုင်းတုံ – တာချီလိတ် – မယ်ဆိုင်) တို့နဲ့ အဝင် အထွက် နေရာများ အဖြစ် မြဝတီနဲ့ တာချီလိတ်တို့ကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နိုင်ငံတော် သမ္မတ ထံမှ ပေးပို့ထားသော အာဆီယံ နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု လွယ်ကူ ချောမွေ့စေရေး မူဘောင် သဘောတူ စာချုပ် (ASEAN CBTP) MoU တွင် မြန်မာနိုင်ငံက လက်မှတ်ထိုးရန် ကိစ္စနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်း တင်ပြရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

“တည်ငြိမ်သော၊ အောင်မြင်ကြွယ်ဝသော၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသော၊ အချိုးညီညီ စီးပွားဖွံ့ဖြိုး တိုးတက်သော၊ ဆင်းရဲနွမ်းပါးမှုနှင့် လူမှု စီးပွား ကွာခြားမှု နည်းပါးသော ဒေသကြီး ဖြစ်လာစေရန်” ဟူသည့် အာဆီယံ မျှော်မှန်းချက် ၂၀၂၀ အောင်မြင်ရေးအတွက် ASEAN CBTP မူဘောင် သဘောတူ စာချုပ်အား မြန်မာနိုင်ငံက လက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံတော် သမ္မတက လွှတ်တော်သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

စာချုပ်ကို ပါဝင် လက်မှတ်ရေးထိုးခြင်းဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်းလမ်းမှ အလွယ်တကူ သွားလာနိုင်ခြင်း၊ အာဆီယံ နိုင်ငံများမှ ပြည်သူများသာမက ကမ္ဘာလှည့် ခရီးသည်များလည်း အာဆီယံနိုင်ငံများ၏ ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းများကို လာရောက်လေ့လာနိုင်ခြင်း၊ နိုင်ငံတော်၏ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမို အထောက်အကူပြုနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖော်ဆောင်ပေးခြင်းဖြင့် နိုင်ငံသားများ၏ လူမှုစီးပွား ဘ၀ ဖွံ့ဖြိုးရေးကို အထောက်အကူ ပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ကိစ္စအပေါ် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်ထောင်စု လွှတ်တော် ရုံးသို့ နိုဝင်ဘာ ၂၂ ရက်နေ့ နောက်ဆုံးထား အမည်စာရင်း တင်သွင်း ကြရန် လွှတ်တော် နာယကက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.