Connect with us

Politics, Law & Military

မြန်မာ – လာအို ချစ်ကြည်ရေး၊ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာ – လာအို ချစ်ကြည်ရေး၊ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် လာအိုပြည်သူ့တပ်မတော်၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးတို့ နိုဝင်ဘာ ၂၀ ရက်နေ့၌ တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ – လာအို နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များနှင့် မြန်မာ – လာအို တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် လာအိုပြည်သူ့တပ်မတော်၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lt.General Chansamone Chanyalath ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၂၀ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယ ဝန်ကြီး ဦးမင်းသူနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာလာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး MR, Lyying Sayaxang လည်းတက်ရောက်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.