Connect with us

Politics, Law & Military

ဧည့်လမ်းညွှန် လိုင်စင်မရှိဘဲ အလုပ်လုပ်ပါက ဥပဒေအရ အရေးယူမည်

လိုင်စင်ရ ဧည့်လမ်းညွှန် တစ်ဦးက ကမ္ဘာလှည့်ခရီးသွားများအား ရှင်းပြနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ခရီးသွား ဧည့်လမ်းညွှန်များ အနေဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပေးထားသော ဧည့်လမ်းညွှန် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရှိရမည်ဖြစ်ပြီး လိုင်စင်မရှိဘဲ လုပ်ဆောင်ပါက ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း အရ ထောင်ဒဏ်သုံးနှစ် နှင့် ဒဏ်ငွေ ကျပ်ငါးသောင်း အထိ အရေးယူ သွားမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ အနေဖြင့် လိုင်စင်မရှိဘဲ လုပ်ဆောင်ပါက ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီး ဌာနသို့ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြား နိုင်ကြောင်း၊ လုပ်ငန်းလိုင်စင် အနေဖြင့် နှစ်နှစ်သက်တမ်း သတ်မှတ်ထား သော်လည်း အနားယူသွားသော ဧည့်လမ်းညွှန်များ အတွက် လေးနှစ် သက်တမ်းအထိ ထပ်မံသက်တမ်း တိုးနိုင်ရန် ဆောင်ရွက် ထားကြောင်း သိရသည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းကို မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ ကျိုင်းတုံနှင့် တာချီလိတ်တို့၌ ဖွင့်လှစ်ထားကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ သင်တန်းဆင်း ၁၆ဝဝ ကျော်ရှိပြီး ခရီးသွားလုပ်ငန်း ဆိုင်ရာသင်တန်းမှ သင်တန်းဆင်း ၃၇ဝဝ ကျော် စုစုပေါင်း ၅ဝဝဝ ကျော်ကို လုပ်ငန်းလိုင်စင် ထုတ်ပေးထားကြောင်း၊ ယခင်နှစ်များက ခရီးသွား ဧည့်လမ်းညွှန် ၈၇ဝဝ ကျော်အထိ ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.