Connect with us

Politics, Law & Military

၂၀၀၈ ခြေ/ ဥ ပြင်ဆင်ချက် တပ်မတော်သား ဦးဆောင် တင်သွင်း

ပြည်ထောင်စု လွှတ်တော် နာယက ကြွရောက်လာစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ နှစ်ခုအား ပြင်ဆင်သည့် ဥပဒေကြမ်းကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်အပါအဝင် ၁၄၄ ဦးတို့က ပြည်ထောင်စု လွှတ်

တော်သို့ တင်သွင်းလာခြင်းကို ပြည်ထောင်စု လွှတ်တော် နာယကက ယနေ့ အစည်းအဝေးတွင် လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက် နှစ်ချက်ပါရှိရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၅) အုပ်ချုပ်ရေး ကဏ္ဍ ရှိ ပြည်ထောင်စု ဝန်ကြီးများ ခန့်အပ် တာဝန်ပေးခြင်း ဆိုင်ရာ ပုဒ်မ

၂၃ (က)၏ အပိုဒ်ခွဲ ၁၊ ၂၊ ၃၊ ၄ တို့၏ နောက်တွင် အပိုဒ်ခွဲ ၅ အဖြစ် ဖြည့်စွက်ခြင်း နှင့် တိုင်းဒေသကြီး / ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ် တာဝန်ပေးခြင်း ဆိုင်ရာ ပုဒ်မ ၂၆၁(က)၏ အပိုဒ်ခွဲ ၁၊ ၂၊ ၃၊ ၄ တို

့၏ နောက်တွင် အပိုဒ်ခွဲ ၅ အဖြစ် ဖြည့်စွက်ခြင်း တို့ဖြစ်သည်။

ဖြည့်စွက်မှု အကျဉ်းမှာ “မိမိကိုယ်တိုင်သော်လည်းကောင်း၊ ဇနီး ခင်ပွန်းသော်လည်းကောင်း၊ တရားဝင် သား သမီး တစ်ဦးသော်လည်းကောင်း၊ ထို တရားဝင် သား သမီးတစ်ဦးဦး၏ ဇနီး ခင်ပွန်း သော်

လည်း ကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာကို ခံယူ စောင့်ရှောက် ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ၊ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူ မဖြစ်စေရ။

ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်

ရှိသူများ မဖြစ်စေရ။” ဟူ၍ ပုဒ်မ နှစ်ခုစလုံးတွင် ဖြည့်စွက်ထားခြင်းဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များသည် နိုင်ငံ တော် ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသားများ အရေး စသည့် အရေး

အရာ များတွင် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေပြီး အနာဂတ် ယုံကြည် စိတ်ချမှု ရှိစေရန်၊ သို့မဟုတ် ၎င်းတို့အား နိုင်ငံခြား ဆက်စပ်မှု၊ နိုင်ငံခြား လွှမ်းမိုးမှု မရှိစေရန်၊ ၎င်းတို့

ကိုယ် တိုင်နှင့် ၎င်းတို့၏ ဇနီး သားသမီး တစ်ဦးဦးနှင့် နိုင်ငံခြားသား တစ်ဦးဦး ဆွေမျိုး တော်စပ်မှုကို အကြောင်းပြု၍ မိမိနိုင်ငံကို သူလျှို အလုပ်မခံရစေရန်၊ နိုင်ငံ သစ္စာဖောက်မှု မခံရစေရန်၊ မိမိတို့၏

ပြည်တွင်းရေး ကိစ္စများကို ပြည်ပနိုင်ငံများက ဝင်ရောက် စွက်ဖက်ခြင်း မပြုနိုင်စေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ပြင်ဆင်ရခြင်း ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့လွှာတွင် ဖော်ပြထားပြီး

အဆိုပါ ပေးပို့လွှာ နှင့် ပြင်ဆင် ဖြည့်စွက်ချက် ဥပဒေကြမ်းကို ကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ဦးဆောင်ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း

ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီထံသို့ ပေးပို့ထားပြီး ပြည်ထောင်စု လွှတ်တော်

ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.