Connect with us

Politics, Law & Military

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ဖြတ်တောက်ငွေ ကျပ်ဘီလျံ ၆၃၀ ခန့် ဖြင့် ပြည်ထောင်စု လွှတ်တော် အတည်ပြု

ပြည်ထောင်စုလွှတ်တော် မြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီး ဌာနက တင်သွင်းခဲ့သော ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှ ကျပ်ဘီလျံ ၆၃၀ ခန့် ဖြတ်တောက်၍ ယနေ့ဇန်နဝါရီ ၁၉ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ဖြတ်တောက်ခံရသည့် အဖွဲ့အစည်းများမှာ ဗဟို အဖွဲ့အစည်းများထဲမှ ပြည်ထောင်စု လွှတ်တော်၏ မူလတောင်းဆိုငွေ ကျပ်ဘီလျံ ၃ ဒသမ ၄၇ မှ ဒသမ ၅၉ ဘီလျံ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများမှ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန ၁၅ ခု၏ မူလ တောင်းဆိုချက် ၁၉၉၈ ဒသမ ၀၇၁ ကျပ် ဘီလျံမှ ၃၄၄ ဒသမ ၆၈၀၁၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ခြောက်ခုတို့၏ တောင်းခံငွေ ကျပ်ဘီလျံ ၁၆၂၅ ဒသမ ၅၄၂ မှ ၂၆၀ ဒသမ ၂၂၂ နှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းနှစ်ခု (ပို့ဆောင်ရေး၊ လျှပ်စစ်)တို့၏ မူလ တောင်းခံငွေ ကျပ်ဘီလျံ ၁၉၆ ဒသမ ၁၁၁ မှ ကျပ်ဘီလျံ ၁၈ ဒသမ ၈၄၈၊ နေပြည်တော်ကောင်စီ၏ မူလတောင်းခံငွေ ကျပ် ၁၀ ဘီလျံ မှ ကျပ် ၁ ဒသမ ၂၃၆ ဘီလျံ ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ မူလတောင်းခံငွေ ကျပ် ၁၅ ဒသမ ၆၆၆ ဘီလျံမှ ငါးဘီလျံ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ မူလတောင်းခံငွေ ၁ ဒသမ ၈၅၆ ဘီလျံမှ ၀ ဒသမ ၁၇၃ တို့ကို ပြည်ထောင်စု လွှတ်တော်က ဖြတ်တောက်ခဲ့သည်။

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံး အတွက် မူလတင်ပြချက် ကျပ် ဘီလျံ ၃၈၅၀ ဒသမ ၇၁၆ မှ ၆၂၉ ဘီလျံကျော် ကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်သည် ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းသည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ လုပ်ငန်းများအတွက် မူလ တောင်းခံငွေ ကျပ်ဘီလျံ ၂၁၀၀၀ အနက် ၆၁၂ ဘီလျံ ဖြတ်တောက်ပြီး ယမန်နေ့ဇန်နဝါရီ ၁၈ ရက် အစည်းအဝေးတွင် အတည်ပြုခဲ့ရာ လာမည့် အစိုးရသစ်က ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများကို အတည်ပြုနိုင်ခဲ့သည်။ (Xinhua)