Connect with us

Politics, Law & Military

၂၀၁၈ -၁၉ တွင် ဂျီဒီပီ ကျပ် ၁၀၆ ဒသမ ၀၉၆ ထရီလီယံ ရရှိရန် ခန့်မှန်းထား

စီမံကိန်း နှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ပြည်သူ့လွှတ်တော် အစည်းအဝေး၌ဆွေးနွေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် တစ်မျိုးသားလုံး၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁၀၆ ဒသမ ၀၉၆ ထရီလီယံ ရရှိရန် ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ယနေ့ပြည်ထောင်စု လွှတ် တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“နိုင်ငံ့ဖွံ့ဖြိုး တိုးတက်မှုနှုန်းကို ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်မှာ ၇ ရာခိုင်နှုန်း မျှော်မှန်းခဲ့ပြီး ယာယီ အမှန် စာရင်း အရ ၆ ဒသမ ၈ ရာခိုင်နှုန်းရခဲ့ပါတယ်၊ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် GDP တိုးတက်မှုနှုန်းကို ၇ ဒသမ ၆ ရာခိုင်နှုန်း ရရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်၊ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် တစ်မျိုးသားလုံးရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁၀၆ ဒသမ ၀၉၆ ထရီလီယံ ရရှိရန် ခန့်မှန်းထားပါတယ်” ဟု ယနေ့ နေ့လယ်ပိုင်း ပြုလုပ်သော ပြည် ထောင်စု လွှတ်တော် အစည်းအဝေးသို့ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းရာတွင် ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကဏ္ဍကြီးများအလိုက် စီးပွားရေးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ၎င်းက “လယ်ယာ ကဏ္ဍကြီးမှာ ၂ ဒသမ ၉ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးမှာ ၉ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ဝန်ဆောင်မှု ကဏ္ဍကြီးမှာ ၈ ဒသမ ၈ ရာခိုင်နှုန်း တိုးတက် ဖြစ်ပေါ်ဖို့ ရည်မှန်းထားပါတယ်” ဟု ပြောခဲ့သည်။

လယ်ယာကဏ္ဍတွင် သီးနှံ ပိုမို စိုက်ပျိုးထုတ်လုပ်ခြင်း၊ ငါး၊ ပုစွန် တိုးချဲ့ မွေးမြူနိုင်ခြင်းနှင့် နည်းပညာ အဆင့်မြှင့်တင်ခြင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ တန်ဖိုးမြင့် တိုးတက် ထုတ်လုပ်ခြင်း၊ ပြည်တွင်း စားသုံးမှုသာမက ပြည်ပသို့တင်ပို့ရန် ရည်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

စက်မှုကဏ္ဍတွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်မည့် အစီအမံ များ ကြောင့် စက်မှုထုတ်ကုန်များ ပိုမို ထွက်ရှိနိုင်ခြင်း၊ စွမ်းအင်ထုတ်လုပ်မှု တိုးတက်မည့် အလား အလာနှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည့် အလားအလာများ ရှိခြင်း၊ အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ပြည်သူများအတွက် သင့်လျော် ကောင်းမွန်သည့်အိမ်ယာများ ဆောက်လုပ်ခြင်းတို့ကို ရည်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

ဝန်ဆောင်မှုကဏ္ဍကြီးတွင် ပြည်တွင်းပြည်ပ ပို့ဆောင်ရေး လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများ တိုးတက်ဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပ ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ခြင်း၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊ ဟိုတယ်၊ ခရီးသွားနှင့် ပုဂ္ဂလိက ဝန်ဆောင်မှု လုပ်ငန်းငယ်များ ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း တို့ကို ရည်မှန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက လွှတ်တော် သို့ ရှင်းလင်း ပြောကြားခဲ့သည်။

ငွေရေးကြေးရေး ကဏ္ဍနှင့် ဘဏ္ဍာရေး ကဏ္ဍတို့နှင့်ပတ်သက်ပြီး ၎င်းက “နိုင်ငံခြားငွေ လဲလှယ်နှုန်း ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်း နိုင်ရန် ပြည်သူတို့ လိုအပ်နေသည့် ကုန်စည်များ ထုတ်လုပ်မှု၊ စားသုံးမှု၊ ကုန်စည် စီးဆင်းမှု စသည့် နယ်ပယ်အသီး သီးက ပူးပေါင်းဆောင်ရွက်သွားပါမယ်၊ အခွန်အကောက်ရငွေ တိုးတက်ရရှိရန် ကြိုးပမ်းခြင်း၊ အစိုးရ အသုံးစရိတ်များကို ထိရောက်စွာ စီမံခန့်ခွဲခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု ကာကွယ် စောင့်ရှောက်ရေး အသုံးစရိတ်များ မြှင့်တင်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံ မှုများအတွက် အခြေခံကောင်းများ တည်ဆောက်ပေးခြင်းတို့ကို ရည်မှန်း ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.