Connect with us

Politics, Law & Military

၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်ငွေ အရ အသုံး ဆိုင်ရာ ဥပဒေ အတည်ပြု

ပြည်ထောင်စုလွှတ်တော် ပြည်သူ့  ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်း အဆိုတင်သွင်းစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

၂၀၁၉ – ၂၀ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်း၏ ဥပဒေ အကြောင်းအရာများ၊ ရငွေ သုံးငွေများနှင့် စပ်လျဉ်းပြီး တစ်ပုဒ်ချင်းစီအလိုက် အတည်ပြုရန် အဆို တင်သွင်းခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြုလုပ်ခဲ့ပြီး ထို ဥပဒေကြမ်းအား အတည်ပြုခဲ့သည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်အတွက် အဆိုပြု တင်ပြ တောင်း ခံငွေ အားလုံး မှ ကျပ် ဘီလီယံ လေးရာကျော် ဖြတ်တောက်ပြီးအတည်ပြုခဲ့ကြောင်း ပြည်ထောင် စုလွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဌ ဇလါန်မြို့နယ် ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဦးအောင်မင်းက မီဒီယာသို့ ပြောခဲ့သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးဦးမြင့်အောင် သဘောထား တင်ပြစဉ်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်း သဘောထား တင်ပြစဉ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်သဘောထား တင်ပြစဉ်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း သဘောထား တင်ပြစဉ်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း သဘောထား တင်ပြစဉ်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်း သဘောထား တင်ပြစဉ်။

အထူးအားဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက တင်ပြ တောင်းခံလာသော အသုံးစရိတ်များနှင့် စပ်လျဉ်းပြီး ဝန်ကြီးရုံးနှင့် ဦးစီးဌာနများအတွက် သာမန် အသုံးစရိတ် ကျပ် ၀ ဒသမ ၃၆၅ ဘီလီယံ၊ ထောက်ပံ့ငွေအသုံးစရိတ် ကျပ် ၂ ဒသမ ၂၃၉ ဘီလီယံနှင့် ငွေလုံးငွေရင်း အသုံး စရိတ် ကျပ် ၁၀ ဒသမ ၇၁၀ဘီလီယံ လျှော့ချခဲ့ပြီး နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများအတွက် သာမန် အသုံးစရိတ် ကျပ် ၀ ဒသမ ၂၁၈ ဘီလီယံနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၀ ဒသမ ၂၉၄ ဘီလီ ယံ လျှော့ချခဲ့ကြောင်း၊ သို့ပါ၍ သာမန် အသုံးစရိတ် ကျပ် ၂ ဒသမ ၈၂၂ ဘီလီယံနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၁ ဒသမ ၀၀၄ ဘီလီယံ စုစုပေါင်း အသုံးစရိတ် ကျပ် ၁၃ ဒသမ ၈၂၆ ဘီလီ စိစစ် လျှော့ချခဲ့ကြောင်း၊ ထိုသို့ လျှော့ချမှုများကို သဘောတူပါကြောင်း၊ ထိုသို့ လျှော့ချလိုက်သဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၂-၁၉ – ၂၀ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းပါ စိစစ်ပြီး ငွေအရပ်ရပ်တို့မှာ သာမန်ရငွေ ကျပ် ၉,၂၂၄ ဒသမ ၂၈၄ ဘီလီယံ၊ ငွေလုံးငွေရင်းရငွေ ကျပ် ၉ ဒသမ ၆၉၆ ဘီလီယံ၊ ကြွေးမြီရငွေကျပ် ၅၁၁ ဒသမ ၀၂၃ ဘီလီယံ၊ စုစုပေါင်း ရငွေ ကျပ် ၉,၇၄၅ ဒသမ ၀၀၃ ဘီလီယံ ဖြစ်ပြီး သာမန် အသုံးစရိတ် ကျပ် ၇၂ ဒသမ ၆၂၈ ဘီလီယံနှင့် ကြွေးမြီ အသုံးစရိတ် ကျပ် ၅၆၆ ဒသမ ၉၃၈ ဘီလီယံ၊ စုစုပေါင်း အသုံးစရိတ် ကျပ် ၇,၃၀၀ ဒသမ ၀၃၄ ဘီလီယံ ဖြစ်ပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့သည်။

ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများက တင်ပြ တောင်းခံထားသည့် အသုံးစရိတ်များ၊ ရငွေဆိုင်ရာ လျာထားချက်များအပေါ် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီတို့က ၎င်းတို့၏ စိစစ် လျှော့ချ ဖြတ်တောက်မှု များကို ယနေ့ အစည်းအဝေး၌ အဆိုတင်သွင်းခဲ့ရာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ပြည်ထောင်စု လွှတ်တော်၏ စိစစ် လျှော့ချ ဖြတ်တောက်မှုများအား ကန့်ကွက်ရန် မရှိ သဘောတူ ကြသောကြောင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.