Connect with us

Politics, Law & Military

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသူ ကိုယ်စားလှယ်(၂၀၁) ဦးစာရင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထပ်မံထုတ်ပြန်

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲများ ရေတွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)/ရေးသားသူ အေးလပြည့်

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ (၅၃)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရသူ (၃၈)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၁၀)ဦး စုစုပေါင်း ကိုယ်စားလှယ် (၂၀၁)ဦး ၏ အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၁ရက် ညနေ (၄)နာရီ နှင့် ည(၈)နာရီတွင် ထပ်မံထုတ်ပြန်ခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၃၀)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီမှ (၁)ဦး၊ မွန်ညီညွတ်ရေးပါတီမှ (၁)ဦး၊ ရခိုင်အမျိုးသားပါတီမှ (၂)ဦး စုစုပေါင်း(၃၄) ဦး ရွေးကောက်တင်မြှောက်ခံရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညနေ(၄)နာရီတွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် UEC က ည (၈)နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၁၈)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၁)ဦး စုစုပေါင်း (၁၉)ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း ထပ်မံ ထုတ်ပြန်ခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၁၂)ဦး၊ မွန်ညီညွတ်ရေးပါတီမှ (၂)ဦး၊ ရခိုင်အမျိုးသားပါတီမှ (၃)ဦး စုစုပေါင်း (၁၈)ဦးအား ရွေးကောက်တင်မြှောက်ခံရကြောင်း ညနေ (၄)နာရီ ထုတ်ပြန်ချက်အရ သိရသည်။ယနေ့ည(၈)နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၁၉) ဦး၊ ပြည်ထောင်စူကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၁)ဦး အားရွေးကောက်တင်မြှောက်ခံရကြောင်း UEC မှ ထပ်မံထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၂၇)ဦး၊ ဒီမိုကရေစီပါတီသစ် (ကချင်)မှ (၁)ဦး၊ မွန်ညီညွတ်ရေးပါတီမှ (၁)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၈)ဦး၊ ‘ဝ’အမျိုးသားပါတီမှ (၁)ဦး စုစုပေါင်း (၃၈)ဦး အား ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း ညနေ ၄ နာရီတွင် ထုတ်ပြန်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၆၆)ဦး၊ ရခိုင်အမျိုးသားပါတီမှ (၄)ဦးနှင့် မွန်ညီညွတ်ရေးပါတီမှ (၂)ဦး စုစုပေါင်း (၇၂)ဦးရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း UEC မှ ယနေ့ည (၈)နာရီတွင် ထပ်မံ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။ (Xinhua)