Connect with us

MYANMAR

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံသည့် မြင်ကွင်းများကို တွေ့ရစဉ်(ဓာတ်ပုံ- ကိုသာဗျော)

နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

တတိယ အကြိမ် လွှတ်တော်များသို့ တက်ရောက်ကြမည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအား COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ပြည်သူ့ လွှတ်တော်၌ ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် စတင် ဆောင်ရွက်ခဲ့ရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ တပ်မတော်သား လွှတ်တော်တော်ကိုယ်စားလှယ်အားလုံးအား ထုံးနှံပေးပြီး ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ရုံးမှ သိရသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံသည့် မြင်ကွင်းများကို တွေ့ရစဉ်(ဓာတ်ပုံ- ကိုသာဗျော)

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံသည့် မြင်ကွင်းများကို တွေ့ရစဉ်(ဓာတ်ပုံ- ကိုသာဗျော)

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံသည့် မြင်ကွင်းများကို တွေ့ရစဉ်(ဓာတ်ပုံ- ကိုသာဗျော)

ထိုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ပြည်သူ့ လွှတ်တော်၌ ဇန်နဝါရီ ၂၉ ရက် နေ့က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရွေးကောက်ခံ လွှတ်တော်တော်ကိုယ်စားလှယ် အားလုံးအား ထုံးနှံပေးခဲ့ပြီး ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးပေးရန် ကျန်ရှိသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့ ဆက်လက် ထိုးနှံပေးခြင်း ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စတင် ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ် အားလုံးတို့အား ကာကွယ်ဆေး ထိုးနှံပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)