Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးကျင်းပခြင်းသည်(NCA) ပါ ပြဌာန်းချက် နှင့်အညီ ဖြစ်ရုံမက နိုင်ငံရေးလိုအပ်ချက်များလည်း ကြီးကြီးမားမား ရှိနေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးပြောကြား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးမှ အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ယခုကျင်းပသည့် ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ပြဌာန်းချက် နှင့်အညီ ဖြစ်ရုံမက နိုင်ငံရေးလိုအပ်ချက်များလည်း ကြီးကြီးမားမား ရှိနေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က “ ဒီငြိမ်းချမ်းရေးညီလာခံကနေ ထွက်လာတဲ့ သဘောတူညီချက်များဟာ လက်ရှိနိုင်ငံရေးဆွေးနွေးပွဲအတွင်း အကောင်အထည်ဖော်နေကြတဲ့သူများ၊ သက်ဆိုင်ပါဝင်သူများအကြား ယုံကြည်မှုတည်ဆောက်ရေးကို ပိုမိုအားကောင်းစေရန်လိုအပ်ပါတယ်။ဒါ့အပြင် ဖြစ်စဉ်မှာ မပါဝင်နိုင်သေးတဲ့ တခြားအဖွဲ့အစည်းတွေကလည်း ဖြစ်စဉ် အပေါ် ယုံကြည်မှုကို ဖန်တီးဖြစ်ပေါ်စေဖို့ ကျွန်တော်တို့လိုလားပါတယ်’’ ဟုပြောကြားခဲ့သည်။

နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် အခြေခံနိုင်ငံရေးပြသနာအား ဖြေရှင်းရာတွင် နိုင်ငံအတွက် အခြေခံ အုတ်မြစ် ၃ ရပ်အား ချမှတ်ထားရန်လိုအပ်ကြောင်း၊ ပထမအချက်အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အဖက်ဖက်မှ ခေါင်းဆောင်များအားလုံး တန်းတူရည်တူအခြေခံဖြင့် ပါဝင်နိုင်ရန်လိုအပ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် လွှမ်းမိုးချုပ်ကိုင်မှုကင်းသည့် အခင်းအကျင်းဖန်တီးထားရန်လိုအပ်ကြောင်း၊ တတိယအချက်အနေဖြင့့် နိုင်ငံရေးဆွေးနွေးပွဲများကို လူမျိုးအလိုက်၊ နိုင်ငံအလိုက်၊ အကြောင်းအရာအလိုက် တစ်နိုင်ငံလုံးတွင် ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က “NCA အကောင်အထည်ဖော်မှုက ထွက်ပေါ်လာမယ့် ရေရှည် တည်တံ့သည့်ငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ခြင်းသည် ဘယ်သူမှ အရှုံးမရှိတဲ့ အခြေအနေကို ဖန်တီးဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ အနှစ်သာရပြည့်ဝတဲ့ သဘောတူညီမှုတွေ ထွက်ပေါ်ရရှိနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနိုင်ကြပါစေ’’ ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.