Connect with us

Politics, Law & Military

(NCA) ကိုလေးစားလိုက်နာပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် နှုတ်ခွန်းဆက်စကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၄ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကိုလေးစားလိုက်နာပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး တွင်ပြောကြားခဲ့သည်။

ဦးသန်းဌေးက “သဘောတူပြီးသား NCA ကို လေးစားလိုက်နာကြပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်ကြစေလိုပါတယ်။’’ ဟုပြောကြားသည်။

ယခုကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး တွင် ကဏ္ဍကြီး ၅ခုတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ- UPDJC မှ အတည်ပြုထားသည့် အချက်များအား ဆွေးနွေးကြပြီး ယခုညီလာခံမှ ဆုံးဖြတ်ချက်များ အနေဖြင့် ထွက်ပေါ်လာမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးပန်းခင်းကြီးဖြစ်ပေါ်လာမှသာ ဒီမိုကရေစီအသီးအပွင့်များ ဖူးပွင့်ဝေဆာလာမှာဖြစ်ပါတယ်’’ ဟု ဦးသန်းဌေးကပြောကြားခဲ့သည်။

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး ကဏ္ဍကြီး၅ခုကို အစုအဖွဲ့ ၇ဖွဲ့က ဆွေးနွေးခဲ့ကြကြောင်း၊ အဓိကကျသည့် ဆွေးနွေးချက်များအား ထုတ်နှုတ်ပြီး စာတမ်းတစ်စောင်အား UPDJC ဒုတိယဥက္ကဋ္ဌ ၃ ဦးက နိုင်ငံတော် ဒုတိယသမ္မတ ထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ ဆွေးနွေးအကြံပြုချက်များသာဖြစ်ပြီး ဆုံးဖြတ်ချက်မဟုတ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.