Politics, Law & Military
သမ္မတရုံး ဝန်ကြီးဌာန နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနများတွင် ဒုတိယ ဝန်ကြီးများ ခန့်အပ်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)
သမ္မတရုံး ဝန်ကြီးဌာန နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနများတွင် ဒုတိယ ဝန်ကြီးများအား ခန့်အပ်တာဝန် ပေးအပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ်၊ ၆၀/၂၀၁၆ အား ထုတ်ပြန် ကြေညာ ခဲ့သည်။
သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး အဖြစ် ဦးမင်းသူ အား လည်းကောင်း ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး အဖြစ် ဦးလှကျော်အား လည်းကောင်း ခန့်အပ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။(Xinhua)