Politics, Law & Military
အစိုးရသစ်၏ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် လာအိုနိုင်ငံသို့နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သွားရောက်
နေပြည်တော် ၊ မေ ၆ ရက် (ဆင်ဟွာ)
အစိုးရသစ် လက်ထက် ပထမဦးဆုံး ပြည်ပ ခရီးစဉ်အဖြစ် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယနေ့မေလ ၆ ရက် နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် မှတဆင့် ထွက်ခွာသွားခဲ့သည်။
လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်နှင့် ဇနီး မစ္စစ် ခမ်မွမ်းဂ်ဗိုရာချစ်တို့၏ ဖိတ်ကြားချက် အရ သွားရောက်ခြင်း ဖြစ်ပြီး ချစ်ကြည်ရေး ခရီးစဉ်သို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင် နှင့် ပြည်ထောင်စု ဝန်ကြီး အချို့လိုက်ပါသွားခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသွားသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အဖွဲ့အား ဒုတိယ သမ္မတနှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တာဝန်ရှိသူများမှ နေပြည်တော် လေဆိပ်တွင် လိုက်လံ ပို့ဆောင်စဉ် (ဆင်ဟွာ)
လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသွားသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အဖွဲ့အား ဒုတိယ သမ္မတနှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တာဝန်ရှိသူများမှ နေပြည်တော် လေဆိပ်တွင် လိုက်လံ ပို့ဆောင်စဉ် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဦးမြင့်ဆွေ နှင့် ဦးဟန်နရီ ဗန်ထီးယူ ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ပြည်ထောင်စု ဝန်ကြီးများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့လိုက်ပါပို့ ဆောင်ခဲ့သည်။ (Xinhua)