Connect with us

Science & Technology

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဓာတ်အား ခွဲရုံအသစ် တည်ဆောက်မည်

လျှပ်စစ်ဓာတ်အားလိုင်းတစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဓာတ်အား ခွဲရုံအသစ် တည်ဆောက်မည်ဖြစ်ကြောင်းစစ်ကိုင်းတိုင်းဒေသကြီး ဗန်းမော်နဘား ၂၃ဝ ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း စီမံကိန်းအစည်းအဝေးထံမှ သိရသည်။

ဗန်းမော်-နဘား ၂၃ဝ ကေဗွီဓာတ်အား လိုင်းသည် ကချင်ပြည်နယ်ရှိ ဗန်းမော်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ နဘားအထိ ၁၂၁ ကီလိုမီတာခန့်ရှိမည်ဖြစ်ကြောင်း၊ ဗန်းမော်ဓာတ်အားခွဲရုံသည် ဗန်းမော်မြို့တောင်ဘက် ၃ ကီလိုမီတာအကွာတွင် တည်ရှိပြီး နဘားဓာတ်အားခွဲရုံသည် ကသာမြို့၏ အနောက်မြောက်ဘက် ၂ဝ ကီလိုမီတာအကွာ နဘားကျေးရွာအနီးတွင် တည်ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်း ကို Union Resources And Engineering Co.,Ltd. မှ အကောင်အထည်ဖော်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ရာ ၂ဝ၁၇ ခုနှစ်တွင် တာဝါတိုင်တည်ဆောက်ရေး လုပ်ငန်းနှင့် ဓာတ်အားသွယ် တန်းခြင်း၊၂ဝ၁၈ ခုနှစ်အတွင်း ဓာတ်အားခွဲရုံများကို တပ်ဆင်ခြင်းနှင့် ၂ဝ၁၉ ခုနှစ်တွင် စတင်စမ်းသပ်ထုတ်လွှတ်ပြီး လွှဲပြောင်းပေးအပ်ခြင်းများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.