Connect with us

Science & Technology

ကွမ်းခြံကုန်းမြို့နယ် မုတ်ကျွန်းဒေသတွင် ဓာတ်အားခွဲရုံတစ်ရုံ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မူလ ရန်ပုံငွေဖြင့် ဆောက်လုပ်ရန် စီစဉ်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ကျင်းပမှု မြင်ကွင်းအား တွေ့ ရစဉ်(ဓာတ်ပုံ- Yangon Region Government)

ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

ကွမ်းခြံကုန်းမြို့နယ် မုတ်ကျွန်းဒေသတွင် ဓာတ်အားခွဲရုံတစ်ရုံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း မူလ ရန်ပုံငွေဖြင့် ဆောက်လုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်က ယနေ့ဇွန် ၁၁ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၊ မုတ်ကျွန်းဒေသရှိ ကျေးရွာများအား လျှပ်စစ်ဓာတ်အား ဆက်လက် ဖြန့်ဖြူးနိုင်ရေးအတွက် လိုအပ်လျက်ရှိသော (၃၃ ကေဗီ၊ ဓါတ်အားလိုင်း ၁၇ မိုင်နှင့် ၃၃/၁၁ အေဘီ 5 MVA) ခွဲရုံ တစ်ရုံကို လက်ခုပ်ကုန်း ကားလမ်းနှင့် ငှက်ကြီးတောင် တောင်ပေါ်လမ်းထောင့်တွင် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မူလ ရန်ပုံငွေဖြင့် စီစဉ်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့အတူ မူလ ရန်ပုံငွေ မရရှိပါက ဖြည့်စွက် ဘဏ္ဍာခွင့်ပြုငွေ (RE) ဘတ်ဂျက် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးက ကွမ်းခြံကုန်း မြို့နယ်၊ မဲန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းမင်း၏ မေးခွန်းအား ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.