Connect with us

Science & Technology

တစ်နှစ်လျှင် ပျမ်းမျှ ကီလိုဝပ် ၄၅၄ သန်း ထုတ်လုပ်နိုင်သော အထက် ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်း ယခုလတွင် ဖွင့်လှစ်မည်

အထက်ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်း အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တစ်နှစ်လျှင် ပျမ်းမျှ ကီလိုဝပ် ၄၅၄ သန်းထုတ်လုပ်နိုင်သော အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို ယခုလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာနထံမှ သိရသည်။

ယင်းတပ်ဆင် စက်အင်အား မဂ္ဂါဝပ် ၁၄ဝ မှ လျှပ်စစ် ဓာတ်အား တစ်နှစ်လျှင် ပျမ်းမျှ ကီလိုဝပ် နာရီ ၄၅၄ သန်း ထုတ်လုပ်နိုင်မည်ဖြစ်သကဲ့သို့ အောက်ဘက်၌ တည် ဆောက်ထားသည့် ပေါင်းလောင်းရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ၏ တစ်နှစ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၉၁၁ သန်းမှ ကီလိုဝပ်နာရီ ၉၄၃ သန်းအထိ တိုးမြှင့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင် းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အစပ်တို့ သုံးပွင့်ဆိုင်ဆုံရာ နေရာအနီး နေပြည်တော် ကောင်စီ နယ်မြေ ပျဉ်းမနားမြို့ အရှေ့ဘက် ၂၆ မိုင်ခန့် အကွာ ပေါင်းလောင်း မြစ်ပေါ်၌ အထက် ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ထားသည်။

အဆိုပါ စီမံကိန်းတွင် အဓိက တည်ဆောက်မှု ပင်မ တမံနှင့် ရေအား အဆောက်အအုံများ၊ ရေအားပေး စက်ရုံ များအတွက် ပေါင်းလောင်းမြစ် ရေလွှဲခြင်း လုပ်ငန်းကို ဦးစွာ ဆောင်ရွက်ခဲ့ကြကြောင်း၊ မြစ်ရေ လွှဲနိုင်ရန် အတွက် အလျား ၉၆၈ ပေ၊ အကျယ် ၃၃ ပေ ရှိသည့် ရေလွှဲဥမင် လိုဏ်တစ်ခုကို ကနဦး ဆောင်ရွက်ပြီးနောက် မြစ်ရေ လွှဲခြင်း လုပ်ငန်းကို ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်က အောင်မြင်စွာ တည်ဆောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရေဆင်း ဧရိယာမှာ ၉၃၃ စတုရန်းမိုင်၊ နှစ်စဉ် ပျမ်းမျှ စီးဝင်ရေမှာ ဧကပေ ၂,ဝဝ၆,၅ဝဝ၊ ကန်ရေပြည့် ရေလှောင် ပမာဏမှာ ဧကပေ ၁,ဝ၄၂,၇ဝဝ နှင့် ကန်ရေသေ ရေလှောင်ပမာဏမှာ ဧကပေ ၂၈၄,၅ဝဝ ရှိကြောင်း သိရသည်။ (Xinhua)