Connect with us

Science & Technology

မြန်မာနိုင်ငံသည် နျူကလီးယား စွမ်းအင် အသုံးပြုမှု ဖွံ့ဖြိုး တိုးတက်ရေးတွင် အခြားနိုင်ငံများနှင့် ရင်ပေါင်တန်း နိုင်အောင် ကြိုးစားနေဟုဆို

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ် အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် နျူကလီးယား စွမ်းအင် အသုံးပြုမှု ဖွံ့ဖြိုးတိုးတက် ရေးတွင် အခြားနိုင်ငံများနှင့် ရင်ပေါင် တန်းနိုင်အောင် ကြိုးစား နေပါကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က ပြောကြားသည်။

နျူကလီးယား စွမ်းအင်သည် လူသားတို့ကောင်းကျိုး အတွက် အရေးပါသည့်စွမ်းအင် ဖြစ်ပြီး ထိုစွမ်းအင်အရင်း အမြစ်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ စက်ရုံလုပ်ငန်း များနှင့် လူနေမှုဘဝကို အဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုးရေး အတွက် အသုံးပြုလျက်ရှိကြောင်း၊ နျူကလီးယားစွမ်းအင်ကို နိုင်ငံ တိုင်းတွင် သုံးသင့်၊ မသုံးသင့် စဉ်းစား ဆုံးဖြတ်နေရပါကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

နျူကလီးယား ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် လုံခြုံရေးအဆင့်အတန်းကို သေချာ စေရန်အတွက် ထိန်းသိမ်းထားရှိရန် မရှိမဖြစ်လိုအပ်ပါကြောင်း၊ အသုံးပြု ပြီး လောင်စာများကို နျူကလီးယား လက်နက်အသွင် ပြန်လည်ပြုလုပ်ခြင်း ဖြင့် တလွဲအသုံးပြုမှုကို ဟန့်တား ခြင်းနှင့် နျူကလီးယားလက်နက် မပြန့်ပွားရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့စေရန် ကူညီပေး နေသည့် IAEA ၏ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုစနစ် သည် အပြည်ပြည်ဆိုင်ရာ နျူကလီး ယား ဘေးအန္တရာယ် ကင်းရှင်းစေရေး နှင့်လုံခြုံရေးကို မြှင့်တင်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နျူကလီးယား အဆောက်အအုံ မရှိသော်လည်း ရေဒီယို သတ္တိကြွ ပင်ရင်းများကို ကျန်းမာရေး ကဏ္ဍ၊ စိုက်ပျိုး ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ တိရစ္ဆာန် မွေးမြူရေး ကဏ္ဍ၊ သုတေသနနှင့် ပညာရေး ကဏ္ဍတို့တွင် အသုံးပြုနေ ပါကြောင်း၊ အသုံးပြုပြီး ရေဒီယို သတ္တိကြွ ပစ္စည်းများကို ပင်ရင်း နိုင်ငံများသို့ ပြန်လည် ပို့ဆောင်ပြီး အဏုမြူ စွမ်းအင် ဦးစီး ဌာန၌ လည်း IAEA ၏ ဘေးကင်းရေး စံချိန် စံညွှန်းများ အပေါ်တွင် အခြေခံ၍ သိမ်းဆည်း ထားရှိပါကြောင်း၊ ရေဒီယို သတ္တိကြွ စွန့်ပစ် ပစ္စည်းများ အား စီမံခန့်ခွဲမှု အတွက် အခြေခံ အဆောက်အအုံကို တည်ဆောက်ရာ တွင် နိုင်ငံ အချင်းချင်း ညှိနှိုင်း တိုင်ပင်မှု၊ သတင်း အချက်အလက် ဖလှယ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် အတွေ့အကြုံ ဖလှယ်မှု တို့ဖြင့် အပြန်အလှန် စိတ်ဝင်စားမှု ရှိပါကြောင်း ဒုတိယ ဝန်ကြီးက ပြောသည်။

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) တို့ ပူးပေါင်း၍ ရေဒီယို သတ္တိကြွ စွန့်ပစ် ပစ္စည်းများအား စီမံခန့်ခွဲမှု အတွက် အခြေခံ အဆောက်အအုံ ဆိုင်ရာ အစည်းအဝေးကို နေပြည်တော် ရွှေနန်းတော် ဟိုတယ်၌ ဒီဇင်ဘာလ ၇ ရက်က ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ IAEA မှ ကျွမ်းကျင်သူများ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ အီရန်နိုင်ငံ၊ အီရတ်နိုင်ငံ၊ မလေးရှား နိုင်ငံ၊ မွန်ဂိုလီးယား နိုင်ငံ၊ ပါကစ္စတန် နိုင်ငံ၊ နီပေါ နိုင်ငံ၊ ပါလက်စတိုင်း နိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ သီရိလင်္ကာ နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၉ ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ဒီဇင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပသွား မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.