Connect with us

Science & Technology

ပြည်ပမှ စက်ဆီချောဆီတင်သွင်းသည့်အခါ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှစ၍ အကြိမ်တိုင်း နမူနာရယူစစ်ဆေးမည်

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်ပြန်သည့် ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ပြည်ပမှ တင်သွင်းသည့် စက်ဆီချောဆီတိုင်းအား ယခင်က ပထမအကြိမ်တင်သွင်းမှုကိုသာ နမူနာ ရယူခဲ့ရာမှ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှစ၍ အကြိမ်တိုင်း နမူနာရယူပြီး အရည်အသွေးဓာတ်ခွဲ စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ပါကြောင်း နှင့် အရည်အသွေးမှန်ကန်မှုရှိမှသာ ထုတ်ယူဖြန့်ဖြူး သုံးစွဲခွင့်ပြုမည်ဖြစ်ပါကြောင်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ကြေညာချက်ထုတ်ပြန်သည်။

စက်ဆီချောဆီများနှင့် ပတ်သက်၍ တင်သွင်းသည့် စက်ဆီချောဆီတိုင်း အရည်အသွေး ကောင်းမွန်မှန်ကန်မှုရှိစေရန် အတွက်ထိုကဲ့သို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်းကြေညာချက်ထဲတွင် ပါရှိသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ် ရေးလုပ်ငန်းသည် ပုဂ္ဂလိကလုပ်ငန်းရှင်/ ကုမ္ပဏီများ၏ ပြည်ပမှစက်ဆီချောဆီ တင်သွင်းခြင်းနှင့် ပတ်သက်၍ စိစစ်ခွင့်ပြုဆောင်ရွက်လျက်ရှိရာတွင် စက်ဆီချောဆီ New Brand ပထမအကြိမ်တင်သွင်းမှုကိုသာ နမူနာရယူ၍ အရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ပြီး အရည်အသွေးမှန်ကန်ပါက ထုတ်ယူဖြန့်ဖြူးသုံးစွဲခွင့် ပြုခဲ့ကြောင်းကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.