Connect with us

Science & Technology

မြန်မာ့မီးရထားမှ အိန္ဒိယ နိုင်ငံ ချေးငွေဖြင့် ဝယ်ယူမည့် စက်ခေါင်းများအား လူစီးရထား များနှင့် ကုန်ရထား များတွင် အသုံးပြု ပြေးဆွဲ သွားမည်

မြန်မာ့မီးရထားနှင့် အိန္ဒိယနိုင်ငံ နည်းပညာနှင့် စီးပွားရေးဆောင်ရွက်မှု ကုမ္ပဏီတို့YDM-4 ခေါင်း တွဲသစ် ၁၈ ခေါင်း ဝယ်ယူရေးနှင့် ပတ်သက်၍ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ချေးငွေဖြင့် ဝယ်ယူမည့် YDM-4 ခေါင်းတွဲသစ် ၁၈ ခေါင်းများအား လူစီးရထား များနှင့် ကုန်ရထား များတွင် အသုံးပြု ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အိန္ဒိယနိုင်ငံ နည်းပညာနှင့် စီးပွားရေး ဆောင်ရွက်မှုကုမ္ပဏီမှ ဝယ်ယူမည့် စက်ခေါင်းများသည် ၁ ခေါင်းလျှင် ၁ ဒသမ ၈ သန်းဖြင့် ၁၈ ခေါင်းအတွက် ၃၂ ဒသမ ၄ သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် အိန္ဒိယနိုင်ငံ နည်းပညာနှင့် စီးပွားရေးဆောင်ရွက်မှု ကုမ္ပဏီတို့YDM-4 ခေါင်း တွဲသစ် ၁၈ ခေါင်း ဝယ်ယူရေးနှင့် ပတ်သက်၍ သဘောတူစာချုပ်အား မတ် ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.