Connect with us

Science & Technology

မြန်အောင်ရေနံမြေ တွင်းအမှတ် ၁၇၂ မှ ရေနံစိမ်းတစ်နေ့ စည် ၁ဝဝ စတင်ထွက်ရှိ

ရေနံမြေလုပ်ကွက်အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် မြန်အောင် ရေနံမြေ တွင်းအမှတ် ၁၇၂ မှ မေ ၁ဝ ရက်တွင် ရေနံစိမ်းတစ်နေ့စည် ၁ဝဝ နှင့်သဘာဝဓာတ်ငွေ့ ဝ.၁၉ ကုဗပေသန်း စတင်ထုတ်ယူ ရရှိလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်းရှိ မြန်အောင်ရေနံမြေကို ၁၉၆၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သော ရေနံမြေဖြစ်ပြီး နှစ်ပေါင်း ၅ဝ ကျော်သက်တမ်းရှိသော ရေနံမြေဖြစ်ကာ ရေနံမြေဧရိယာမှာ အလျား ၅ မိုင်၊ အနံ ၁ ဒသမ ၅ မိုင် ကျယ်ဝန်းပြီး မိုင်အိုဆင်း သက်တမ်းရှိသော ကျောက်လွှာများ အတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကို ထုတ်ယူနိုင်သော သဲကြောများမှ ထုတ်ယူရရှိနေခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.