Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူခြင်းနှင့် စပ်လျဉ်း၍အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

၎င်းအစည်းအဝေးကို အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ(၃)၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်း၊ ရန်ကုန်မြို့တော် ဝန်ဦးမောင်မောင်စိုး၊နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆက်သွယ်ရေး ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.