Connect with us

Science & Technology

ရေနံဓာတ်ငွေ့ရည် တင်သွင်းရောင်းချခြင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

ရေနံဓာတ်ငွေ့ရည် တင်သွင်းရောင်းချခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ရေနံ ဓာတ်ငွေ့ရည် တင်သွင်းသိုလှောင် သယ်ယူ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် LPG လုပ်ငန်းရှင်များသည် မတ် ၂၁ ရက်နေ့တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

LPGကို ကျေးလက်နေ ပြည်သူများ အထိ တွင်တွင်ကျယ်ကျယ် သုံးစွဲလာနိုင်စေရေးနှင့် ထိုသို့သုံးစွဲ ခြင်းဖြင့် ထင်း၊ မီးသွေးသုံးစွဲမှုကို လျှော့ချနိုင်ရန်နှင့် ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုရေးအဆင့် အတန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက် သွားရန်ရည်ရွယ်၍ LPG လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

ပထမ အဆင့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ တွင် အိမ်ထောင်စုတစ်သိန်းခွဲကို လည်းကောင်း၊ ဒုတိယအဆင့် ၂ဝ၂ဝ ခုနှစ်တွင် အိမ်ထောင်စု တစ်သန်းကို လည်းကောင်း LPG ဖြန့်ဖြူးရန် ရည်မှန်းချက် ထားရှိဆောင် ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် LPGနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ နိုင်ငံတွင် LPG Market ကို ချဲ့ထွင် သွားနိုင်မည့် အခြေအနေများစွာရှိ ကြောင်း၊ LPG Industry အနေဖြင့် ရေတိုသာမက ရေရှည်အကျိုးစီးပွား ကို မျှော်မှန်း၍ ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်ကြစေလိုကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကတို့ ညီညီညွတ်ညွတ် ဝိုင်းဝန်း ဆောင်ရွက်မည်ဆိုလျှင် မကြာမီ အချိန်အတွင်း မြန်မာနိုင်ငံ၏ LPG လုပ်ငန်းများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။အဆိုပါအခမ်းအနားသို့ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး များ၊ တာဝန်ရှိသူများ၊ ပြည်တွင်းLPG လုပ်ငန်းလုပ်ကိုင် နေသော ကုမ္ပဏီ ၂၇ ခုမှ တာဝန် ရှိသူများ စုစုပေါင်း ၆ဝ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.