Connect with us

Local

ပရိုပိန်း ရေနံဓာတ်ငွေ့ရည် တန် ၃၀၀ အား တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်

စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းမှ တင်ဒါခေါ်ယူခြင်း ကြေညာချက်အား တွေ့ရစဉ် (ဓာတ်ပုံ-စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန် ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်း ကြီးကြပ်မှု အောက်ရှိ ရေနံဓာတ်ငွေ့ရည် စက်ရုံများမှ ထုတ်လုပ်ထားသည့် ပရိုပိန်း ရေနံဓာတ်ငွေ့ရည် တန် ၃၀၀ အား တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး တင်ဒါပုံစံများကို ယနေ့မတ်လ ၁၄ ရက်မှ စတင် ရောင်းချသွားမည် ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ပရိုပိန်း ရေနံ ဓာတ်ငွေ့ရည်များကို အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) မှ တန် ၁၅၀ ၊ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) MLT ဌာနရှိ သိုလှောင်ကန်များမှ ၁၀၀ တန် နှင့် Coker ဌာနရှိ သိုလှောင်ကန်များမှ ၅၀ တန် စုစုပေါင်း တန် ၃၀၀ အား စွမ်းအင် ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် ရေနံ ဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင် (က) လက်ဝယ်ရှိသူများ အဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

ပြည်တွင်း ရေနံ ဓာတ်ငွေ့ရည် လိုအပ်ချက် မြင့်မားလာခြင်း တို့ကို ဖြည့်ဆည်းရန် ရေနံဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ အထိ (က) အဆင့်လိုင်စင် ထုတ်ပေးထားသည့် တိုင်းရင်းသားပိုင် ပုဂ္ဂလိက ကုမ္ပဏီ ၇ ခု ၊ (ခ) အဆင့် ကုမ္ပဏီ ၆ ခုအား ဖြန့်ဖြူး ရောင်းချခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ရေနံဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို ပြည်တွင်း ဈေးကွက်တွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရန် ရည်ရွယ်ပြီး ၂ဝ၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117