Connect with us

Science & Technology

လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြင်ဆင် ဆောင်ရွက်မည်

ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်မည့်အစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးအတွက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက် မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ အစည်းအဝေးတွင် ခရိုင်အလိုက် ဓာတ်အားခွဲရုံနှင့် ဓာတ်အား လိုင်းများ ပြင်ဆင်ဆောင်ရွက်မည့်အစီအစဉ်များ၊ ဓာတ်အားလိုင်းကြိုးများ လဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများကိုအသီးသီး ရှင်းလင်းတင်ပြကြသည်။

လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေး နိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးအတွက် ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး အပိုင်းများတွင် အသုံးပြုသော စက်ပစ္စည်းများ၊ ဓာတ်အားလိုင်းကြိုးများနှင့် ထရန်စဖော်မာများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ လျှပ်စစ်မီးသုံးစွဲသူ တိုးတက် များပြားလာသည်နှင့်အမျှ စိန်ခေါ်မှုများမှာ လည်း မလွဲမသွေ ရင်ဆိုင်ကြုံတွေ့လာရမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားရယူသုံးစွဲမှုများ တိုးတက်များပြားလာသည့်အပြင် ဓာတ်အားမရရှိသေးသည့် ကျေးရွာများကို ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အား ပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ ထပ်မံတိုးချဲ့တည်ဆောက်ခြင်းနှင့် ဝန်အားပိုမိုများပြားစွာ အသုံး ပြုနိုင်သည့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို အင်အားတိုးမြှင့်တည်ဆောက်လျက်ရှိကြောင်း သိရသည်။(Xinhua)