Connect with us

Science & Technology

၂၀၁၆ ခုနှစ်၌ ဓာတ်အားပေးစက်ရုံ ၂ဝ မှ တပ်ဆင်အင်အား ၂၄ဝ၃ မဂ္ဂါဝပ်ဖြင့် တစ်နိုင်ငံလုံးအနေဖြင့် ၁၂၁ဝ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုတိုးတက်ရန် တိုးချဲ့တည်ဆောက်လျက်ရှိသော မဟာဓာတ်အားလိုင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ်တွင် နိုင်ငံပိုင် နှင့် ပုဂ္ဂလိကပိုင် နှစ်ရပ်ပေါင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၂ဝ မှ တပ်ဆင်အင်အား ၂၄ဝ၃ မဂ္ဂါဝပ်နှင့် တစ်နိုင်ငံလုံးအနေဖြင့် စုစုပေါင်း ၁၂၁ဝ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာ၌ ဖော်ပြထားသည်။

၂ဝ၁၁ ခုနှစ်တွင် နိုင်ငံပိုင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁ဝ ရုံ၏ စက်တပ်ဆင်အင်အား ၇၁၅ မဂ္ဂါဝပ်ရှိပြီး ၂၇ဝ မဂ္ဂါဝပ်၊ ၂ဝ၁၂ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး လှော်ကား၊ ရွာမ၊ အလုံနှင့် သာကေတတို့တွင် ပုဂ္ဂလိကဓာတ်အားပေး စက်ရုံများ စတင်တည်ဆောက်ခဲ့ရာ ၂ဝ၁၃ ခုနှစ် နွေရာသီတွင် နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အား ၂၂ဝ မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်ပေးနိုင်ခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် မော်လမြိုင် IPP ဓာတ်အားပေးစက်ရုံနှင့် ကျောက်ဆည်၌ သဘာဝဓာတ်ငွေ့သုံး အင်ဂျင်စက်များ ငှားရမ်းတည်ဆောက်ပြီး ၁၃၃ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ခဲ့၍သော်လည်း ထိုင်းနိုင်ငံမှ ဓာတ်ငွေ့တာဘိုင်စက်နှစ်လုံး ငှားရမ်းပြီး ၁၄ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှု နှစ်ရပ်ပေါင်း ၂၇၃ မဂ္ဂါဝပ် ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် ကျောက်ဖြူနှင့်မြင်းခြံဒေသတို့၌ သဘာဝဓာတ်ငွေ့သုံး အင်ဂျင်စက်များ ငှားရမ်းတည်ဆောက်၍ ဓာတ်အား ၁၃၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ပြီး မော်လမြိုင်ဓာတ်ငွေ့တာဘိုင်၏ ဒုတိယအဆင့်မှ မဂ္ဂါဝပ် ၇ဝ ထုတ်လုပ်နိုင်ခဲ့သဖြင့် ၂ဝ၁၅ ခုနှစ်အတွင်း ဓာတ်အားထုတ်လုပ်မှုစုစုပေါင်း ၂ဝ၅ မဂ္ဂါဝပ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

၂ဝ၁၆ ခုနှစ်တွင် ကျောက်ဖြူနှင့် မြင်းခြံဒေသတို့၌ ဓာတ်ငွေ့အင်ဂျင်စက် ငှားရမ်းပြီးတည်ဆောက်မှု မဂ္ဂါဝပ် ၁၈ဝ နှင့် မော်လမြိုင် ဓာတ်အားပေးစက်ရုံ၏ ရေနွေးငွေ့တာဘိုင်စက်နှစ်လုံးမှ ထုတ်လုပ်မှု ၆ဝ မဂ္ဂါဝပ် စုစုပေါင်း ၂၄ဝ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်းပေးမည်ဖြစ်သည်။

အသေးစားနှင့်အလတ်စား စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှု အတွက် နှစ်စဉ်မြင့်တက်လာသော လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၁၅ ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးနိုင်ရန် သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ ကျောက်မီးသွေး စသည့်တွင်းထွက်လောင်စာများ အသုံးပြုပြီး ဓာတ်အားထုတ်လုပ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် ရေအား ၊ လေအားနှင့် နေအားတို့ကို အသုံးပြု၍ ဓာတ်အားထုတ်လုပ်ခြင်း၊ ဇီဝနှင့်စွန့်ပစ်ပစ္စည်း လောင်စာတို့မှ ဓာတ်အားထုတ်လုပ်ခြင်း စသည့် နည်းလမ်းများ အသုံးပြုပြီး လျှပ်စစ်စွမ်းအား တိုးမြှင့်ထုတ်လုပ်နိုင်ရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.