Connect with us

Science & Technology

ပရိုပိန်း နှင့် ဗြူတိန်း ဓာတ်ငွေ့ရည်များအား တင်ဒါဖြင့်ရောင်းချမည် တင်ဒါစနစ်ဖြင့်ရောင်းချမည်

ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) မှ ပရိုပိန်း နှင့် ဗြူတိန်းဓာတ်ငွေ့ရည်များအား တင်ဒါဖြင့်ရောင်းချမည် သတင်းထုတ်ပြန်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ- စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) နှင့် ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) တို့မှ ပရိုပိန်း နှင့် ဗြူတိန်းဓာတ်ငွေ့ရည်များအား တင်ဒါဖြင့်ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖေဖော်ဝါရီ်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး) မှ ပရိုပိန်းရေနံဓာတ်ငွေ့ရည် တန် ၁၀၀၊ ဗြူတိန်းရေနံဓာတ်ငွေ့ရည် တန် ၁၀၀ ၊ ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) မှ ပရိုပိန်းဓာတ်ငွေ့ရည် တန်၁၀၀ နှင့် ဗြူတိန်းဓာတ်ငွေ့ရည် တန် ၃၀၀ တိုအား တင်ဒါစနစ်ဖြင့်ရောင်းချမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

၎င်းတင်ဒါများအားဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၆ ရက်အတွင်း ရောင်းချသွားမည်ဖြစ်ပြီး၊ ဘဏ္ဍာရေးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရုံးအမှတ် (၄၄) ၊ နေပြည်တော်တွင် တင်ဒါပုံစံများ ရောင်းချမည်ဖြစ်သည်။

တင်ဒါများအား ဖေဖော်ဝါရီ ၂၄ ရက် နေ့လည် ၁၂ နာရီ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး၊ တင်ဒါဖွင့်ပွဲအား ဖေဖော်ဝါရီ ၂၄ ရက် နေ့လည် ၂ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။

တင်ဒါလျှောက်ထားလိုသူများသည် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် (က) သို့မဟုတ် လိုင်စင်(ခ) လက်ဝယ်ရှိသူများ အဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.