Connect with us

Science & Technology

MPT ဆွေသဟာနှင့် CDMA 450/800 အသုံးပြုသူများ အတွက် ဖုန်းပြောဆိုခ တစ်မိနစ် ၂၃ ကျပ်သို့ လျှော့ချမည်

မြန်မာ့ ဆက်သွယ်ရေး MPT ဖုန်း ငွေဖြည့်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (


MPT) မှ ဆွေသဟာ အစီအစဉ်နှင့် CDMA 450/800 အသုံးပြုသူများ အတွက် ဇူလိုင်လ ၈ ရက်နေ့မှ စပြီး တယ်လီဖုန်း ခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် ဈေးနှုန်း လျော့ချ သတ်မှတ်လိုက်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက ယနေ့ ဆင်ဟွာကို ပြောကြားသည်။

ဦးကျော်စိုးက “ဆွေသဟာ အစီအစဉ် သုံးစွဲနေ သူတွေ မှန်သမျှ ဖုန်းပြောဆိုခ လျှော့ချမှုကို ခံစားရမှာ ဖြစ်တယ်’’ ဟုပြောသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက်မှစ၍ MPT၏ ဆွေသဟာ အစီအစဉ်ကို သုံးစွဲသူများ အတွက် ဖုန်းခေါ်ဆိုခြင်းများကို မူလ တစ်မိနစ်လျှင် ၃၅ ကျပ်မှ ယခု တစ်မိနစ်လျှင် ၂၃ ကျပ်သို့ ပြောင်းလဲ ကောက်ခံ သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် CDMA 450/800 ကို သုံးစွဲသူများ အတွက်လည်း ဖုန်းခေါ်ဆိုခ ယခင် တစ်မိနစ်လျှင် ၅၀ ကျပ်မှ ယခု တစ်မိနစ် ၂၃ ကျပ်သို့ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း၊ ဤဈေးနှုန်းသစ် သတ်မှတ်ချက်သည် MPT ၏ ဆွေသဟာ အစီအစဉ်နှင့် CDMA 450/800 ကို သုံးစွဲသူများ အားလုံးအတွက် အလိုအလျောက် အကြုံးဝင်သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာချက် ထုတ်ပြန်သည်။

လက်ရှိ ဆွေသဟာကို သုံးစွဲနေသူများ အနေဖြင့် ဤဈေးနှုန်း သတ်မှတ်ချက်အသစ် တစ်မိနစ် ၂၃ ကျပ် ဖြင့်သုံးစွဲရန် မည်သည့် ထပ်ဆောင်း ဝန်ဆောင်ခမှ ပေးရန်မလိုအပ်ဘဲ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော MPT ဖုန်းမှ အခြား အော်ပရေတာများ၏ ဖုန်းများအား ခေါ်ဆိုမှုကိုပါ အဆိုပါဈေးနှုန်းဖြင့် တပြေးညီ သတ်မှတ်ပေးထားသည်။ GSM / WCDMA သုံးစွဲသူများ အနေဖြင့် ဆွေသဟာ စနစ်ကို ရယူရန် ၁၃၃၂ သို့ SWE ဟု အခမဲ့ စာတိုတစ်စောင် ပေးပို့ခြင်းဖြင့် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။ ဆွေသဟာရှိ အခြားသော ဝန်ဆောင်မှု ဈေးနှုန်းများနှင့် ဆွေသဟာကို မရယူထားသော GSM နှင့် WCDMA သုံးစွဲသူများ၏ အခြေခံ သုံးစွဲမှု နှုန်းထားများမှာလည်း ယခင်အတိုင်းပင် ဖြစ်ကြောင်း သိရသည်။

CDMA 450 နှင့် CDMA 800 ဖုန်းများကို သုံးစွဲနေသူများ အတွက်လည်း ခေါ်ဆို နှုန်းထားအသစ်ကို ထပ်မံ လျှောက်ထား ရယူရန် မလိုအပ်ဘဲ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော MPT ဖုန်းမှ အခြား အော်ပရေတာများ၏ ဖုန်းများအား ခေါ်ဆိုမှုကိုပါ အဆိုပါ ဈေးနှုန်းဖြင့် တပြေးညီ သတ်မှတ်ပေးထားသည်။ CDMA သုံးစွဲသူများ အတွက် အခြားသော ဝန်ဆောင်မှု နှုန်းထားများမှာ ယခင်အတိုင်းပင် ဖြစ်သည်။

ဈေးနှုန်းအသစ် သတ်မှတ်ခြင်း အထိမ်းအမှတ်အဖြစ် MPT မှ သုံးစွဲသူ မိဘ ပြည်သူများ အားလုံးကို ငွေဖြည့်ကတ် ဖြည့်ရာတွင် အပို ထပ်ဆောင်းငွေများ ထည့်သွင်း လက်ဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ ဇူလိုင်လ ၅ ရက်နေ့မှ ၇ ရက်နေ့အတွင်း ငွေဖြည့်သော သုံးစွဲသူ မိဘပြည်သူများ အနေဖြင့် ၅၀ ရာခိုင်နှုန်း အထိ အပို ထပ်ဆောင်း ငွေများကို လက်ဆောင်အဖြစ် ရရှိမည်ဖြစ်ပြီး၊ သုံးစွဲသူများ အနေဖြင့် အဆိုပါ အပို ထပ်ဆောင်း ငွေများကို ဇူလိုင်လ ၃၁ ရက်မတိုင်မီ MPT ဖုန်း အချင်းချင်း ခေါ်ဆိုမှုနှင့် အင်တာနက် အသုံးပြုခြင်းအတွက် သုံးစွဲနိုင်မည် ဖြစ်ကြောင်း MPT ၏ အထွေထွေ မန်နေဂျာ ဦးခင်မောင်ထွန်းက ပြောသည်။

GSM/WCDMA


CDMA 450/800


Swe tha har


Base Tariff


Tariff


တစ်မိနစ်ဖုန်းပြောဆိုခ


၂၃ကျပ်


၅၀ ကျပ်


၂၃ ကျပ်


SMS ပို့ခ နှုန်းထား


၁၅ကျပ်


၂၅ ကျပ်


၂၅ ကျပ်


(Xinhua)