Connect with us

Science & Technology

ဆက်သွယ်ရေး အော်ပရေတာများကို အခွန်ကင်းလွတ်ခွင့် ၃ နှစ်မှ ၅ နှစ်အထိ ပေးထားပြီး လုပ်ငန်း ဆောင်ရွက်ခွင့်များ လုပ်ထုံး လုပ်နည်းဖြင့် ကိုက်ညီပါက သက်တမ်း တိုးပေးသွားမည်

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း ဇူလိုင်လ ၁၀ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝှမ်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ဆောင်ရန် ဆက်သွယ်ရေး အော်ပရေတာ ၃ ခုအား ၁၅ နှစ် အသီးသီး လုပ်ငန်း ဆောင်ရွက်ခွင့် ပြုထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အခွန် ကင်းလွတ်ခွင့်ကို ၃ နှစ်မှ ၅ နှစ်အထိ ဆောင်ရွက် ပေးလျှက် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းသန်းက ဇူလိုင်လ ၁၀ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအား ၂၀၁၅ ခုနှစ် မတ်လ ၂၄ ရက် မှ ၂၀၃၀ ခုနှစ် မတ်လ ၂၃ ရက် အထိ ၁၅ နှစ် ၊ Ooredoo Myanmar Limited အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် မှ ၂၀၂၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် အထိ ၁၅ နှစ် ၊ Telenor Myanmar Limited အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် မှ ၂၀၂၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် အထိ ၁၅ နှစ် အသီးသီး လုပ်ငန်း ဆောင်ရွက်ခွင့်ကို ဆက်သွယ်ရေးဥပဒေ ၊ နည်းဥပဒေများအရ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့် ပြုထားပြီး ဥပဒေ ၊ နည်းဥပဒေ ၊ သတ်မှတ် လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီပါက ဆက်လက် သက်တမ်းတိုး ဆောင်ရွက်ခွင့် ပြုသွားမည်ဟု ဒုတိယဝန်ကြီး ဦးဝင်းသန်းက လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်၏ နိုင်ငံခြားဖုန်း ကုမ္ပဏီများကို ခွင့်ပြုထားသည့် သဘောတူညီချက် ကာလ ၊ အခွန်ကင်းလွတ်ခွင့် ၊ သက်သာခွင့်ပေးသည်တို့ မေးမြန်းခြင်းကို ဖြေကြားခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း နှင့် KSGM Co.Ltd တို့အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် (Joint Operation Agrement) စာချုပ်အရ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် လုပ်ငန်းများ စတင် ဆောင်ရွက်လျှက် ရှိပါသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေး နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂၀၃၃.၀၅ သန်းအား KSGM Co.Ltd ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်း ရင်းနှီးမြှုပ်နှံမှု ငွေအား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ နှစ်အလိုက် ပြန်လည် ပေးဆပ်သွားမည် ဖြစ်သည်။

အော်ပရေတာများမှ ဝန်ကြီးဌာနသို့ပေးသွင်းရမည့် ငွေကြေး ပမာဏများ အနေဖြင့် မြန်မာ့ ဆက်သွယ်ရေးမှ လှိုင်းနှုန်း အခွန်အခ ပေးသွင်းရခြင်း မရှိဘဲ အော်ပရေတာများ ဖြစ်သည့် Ooredoo Myanmar Limited သည် ၁၅ နှစ်တာ ကာလအတွက် လှိုင်းနှုန်း အခွန်အခ ပေးသွင်းရမည့် ငွေကြေး ပမာဏမှာ အမေရိကန် ဒေါ်လာ ၁.၀၁ ဘီလီယံ ကို ၃ ရစ် ပေးသွင်းရမည့် အနက် ၇၅ ရာခိုင်နှုန်း ဖြစ်သော အမေရိကန်ဒေါ်လာ ၇၅၇ . ၅ သန်းနှင့် ညီမျှသည့် ကျပ် ၇၄၁ . ၆၅၃ ဘီလီယံ အား ရရှိထားပြီး Telenor Myanmar Limited မှလည်း ပေးသွင်းရမည့် ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ အနက် ၇၅ ရာခိုင်နှုန်း ဖြစ်သော အမေရိကန် ဒေါ်လာ ၃၇၅ သန်းနှင့် ညီမျှသည့် ကျပ် ၃၆၇ . ၁၅၅ ဘီလီယံ အား ရရှိထားပြီး ဖြစ်သည်။

၂၀၁၄ – ၂၀၁၅ ခုနှစ်အတွက် လိုင်စင် နှစ်စဉ်ကြေးများအပြင် Telenor Myanmar Limited ထံမှ နှစ်စဉ် သက်ဆိုင်ရာဝင်ငွေ ၏ ၂ ရာခိုင်နှုန်း ဖြစ်သော ကျပ်သန်း ၂၅၂ . ၈ သန်းအား ရရှိထားပြီး Ooredoo Myanmar Limited အတွက် နှစ်စဉ်သက်ဆိုင်ရာ ဝင်ငွေ ၏ ၂ ရာခိုင်နှုန်း ဖြစ်သော ကျပ်သန်း ၁၃၇ . ၄၃၇ သန်းကို ရရှိထားပြီး ဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ နှစ်စဉ် သက်ဆိုင်ရာဝင်ငွေ၏ ၂ ရာခိုင်နှုန်းကို ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်စဉ် ပေးသွင်းသွားရမည် ဖြစ်သည်။

ထို့အပြင် ယင်းအော်ပရေတာ ၃ ဦးထံမှ လိုင်စင် ပထမနှစ်အတွက် လိုင်းနှုန်း စီမံခန့်ခွဲမှု အခွန်အခများနှင့် ဆက်သွယ်ရေး နံပါတ် သုံးစွဲမှုများ အတွက် အခွန်အခများကိုလည်း သက်ဆိုင်ရာ ကာလများအလိုက် အချိန်နှင့် တပြေးညီ ကောက်ခံနိုင်ရန် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီများ အနေဖြင့် ဆက်သွယ်ရေး အခြေခံ အဆောက်အဦး (Infrastructure) များအား ဝန်ဆောင်မှု ပိုမို ကောင်းမွန်စေရန်အတွက် အစဉ်အမြဲ တည်ဆောက်နေရမည် ဖြစ်ပြီး ဝန်ဆောင်မူ (Service) ကိုလည်း ဆောင်ရွက်နေရသည့် လုပ်ငန်း အမျိုးအစား ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု အခြေခံ အဆောက်အဦး (Infrastructure) များ အတွက် Ooredoo Myanmar Limited မှ ၆၉ . ၅၄၃ ကျပ်သန်းအား ရင်းနှီးမြှုပ်နှံထားပြီး Telenor Myanmar Limited အနေဖြင့် ၂၀၃ . ၁၂၅ ကျပ်သန်းအား ရင်းနှီးမြှုပ်နှံထားရှိပြီး အခြေခံ အဆောက်အဦးများ တည်ဆောက်ဆဲ ကာလ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.