Science & Technology
ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျပ် သန်း ၁၉၉၃၀ ကျော်စတင်သုံးစွဲပြီး ဆူရ်ဘုန်လေဆိပ်တည်ဆောက်

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ချင်းပြည်နယ် ဖလမ်းမြို့တွင် လေဆိပ်သစ် တည်ဆောက်ခြင်း (ပထမအဆင့်) အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အထိ ခွင့်ပြု ဘဏ္ဍာငွေကျပ် ၁၉၉၃၀ ဒသမ ၆၆၆ သန်း သုံးစွဲ၍ ဆူရ်ဘုန်လေဆိပ်တည်ဆောက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
လက်ရှိ ပတ်ဝန်းကျင်တောင် တန်း ထူထပ်မှုနှင့် ရာသီဥတုအခြေ အနေများအပေါ်မူတည်၍ တောင် ပေါ်ဒေသ လေယာဉ်ကွင်းများတွင် တပ်ဆင် အသုံးပြုလေ့ရှိသော လေယာဉ်ကွင်းဆိုင်ရာ Navigation Facilities များ တပ်ဆင်လျက်ရှိပြီးလေယာဉ်ကွင်း မြို့ပြလုပ်ငန်း၊ လေကြောင်း လျှပ်စစ်လုပ်ငန်း၊ လေ ကြောင်း ဆက်သွယ်ရေးလုပ်ငန်း တို့ကို ဆောင်ရွက်လျက်ရှိရာ ၅၈ ဒသမ ၃ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ဖလမ်း ဆူရ်ဘုန်လေဆိပ်နှင့် ချင်း ပြည်နယ်ရှိ မြို့များနှင့် အထင်ကရ နေရာများ၏ အကွာအဝေးမှာ လုံပီး တောင်နှင့် ၄ မိုင်၊ ဖလမ်းမြို့နှင့် ၈ ဒသမ ၅ မိုင်၊ ဟားခါးမြို့နှင့် ၄၅ မိုင်၊ ရိဒ်ရေကန်နှင့် ၆၄ မိုင် ၂ ဖာလုံ၊ တီးတိန်မြို့နှင့် ၈၃ မိုင် ၅ ဖာလုံ စသည်ဖြင့် အကွာအဝေးရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လေယာဉ်ပြေးလမ်း အလျားပေ ၆၀၀၀၊ အကျယ်ပေ ၁၀၀၊ ပြေးလမ်း အမျိုးအစား Flexible Pavement ၊ ပြေးလမ်းအရှိန်သတ်စွန်း (Overrun) အလျားပေ ၂၀၀၊ အကျယ် ပေ ၁၀၀၊ လေယာဉ်ရပ်နား နေရာ အလျားပေ ၂၅၀၊ အကျယ်ပေ ၂၅၀၊ ပြေးလမ်း ခံနိုင်ရည်အား ပေါင် ၅၀၀၀၀၊ ဆင်းသက်အသုံးပြုနိုင်မည့် လေယာဉ်များမှာ ATR 72 (MTOW-၄၉၆၀၄ ပေါင်) ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူ များအတွက် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့ပြီး လူမှုရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေးလုပ် ငန်းနှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် ဖလမ်း ဆူရ်ဘုန်လေဆိပ်အသစ်တည် ဆောက်ခြင်းလုပ်ငန်းကို ဖလမ်းမြို့၏ အနောက်မြောက်ဘက် အမြင့် ၇၁၇၅ ပေရှိ လုံပီးတောင်အနီး ဆူရ်ဘုန်တောင် ကြောပေါ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တည်ဆောက်လျက်ရှိ ခြင်းဖြစ်သည်။
ဖလမ်း ဆူရ်ဘုန်လေဆိပ်သစ် တည်ဆောက်ခြင်းလုပ်ငန်း ရည်ရွယ် ချက်မှာ ချင်းပြည်နယ်၏ လေကြောင်း ဝင်ပေါက် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် များ ချင်းပြည်နယ်အတွင်းသို့အချိန်တို အတွင်း လာရောက်လည်ပတ်နိုင်ခြင်း၊ ချင်းပြည်နယ်အတွင်းမှ ဒေသခံတိုင်း ရင်းသားများ မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားသို့ သွားလာနိုင်စေရန် နှင့် ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့ နယ်များရှိ လုံပီးတောင်၊ ရိဒ်ရေကန် စသည့် အထင်ကရနေရာများသို့ လွယ် ကူလျင်မြန်စွာ သွားလာနိုင်စေရန်ဖြစ်ကြောင်း သိရသည်။(Xinhua)